ဝတုတ်ကြီးကနေ နုပျိုတောင့်တင်းတဲ့ ခန္ဓာကိုယ်ဖြစ်အောင် ပြောင်းလဲခဲ့ရတဲ့ မင်းသား Jung Sung Il

//s9.kh1.co/06/06f8c53f08bf668c2e0b3e6913febff404999713.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဝတုတ်ကြီးကနေ နုပျိုတောင့်တင်းတဲ့ခန္ဓာကိုယ်ဖြစ်အောင် ပြောင်းလဲခဲ့ရတဲ့ မင်းသား Jung Sung Il

တောင်ကိုရီးယားမင်းသမီး Song Hye Kyo ပါဝင်သရုပ်ဆောင်ထားတဲ့ The Glory ဇာတ်လမ်းဟာဆိုရင် လက်ရှိမှာ တဟုန်ထိုးနာမည်ကြီး အောင်မြင်လျက်ရှိပါတယ်။ The Glory က နာမည်ကြီးပြီး များစွာ အောင်မြင်မှုတွေ ရရှိနေတဲ့ ဇာတ်လမ်းဖြစ်ပြီး အထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ချက်က များစွာ ကောင်းမွန်လွန်းတာကြောင့် ပရိသတ်တွေ Season 2 ကို အသည်းအသည်စောင့်မျှော်နေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/df/dfbb731322ce83115ca45978673612dd0ab1bb06.jpg

The Glory ထဲမှာ Song Hye Kyo ကို လိုက်ပြီးတိုက်ခိုက်နေတဲ့ ဗီလိန်သရုပ်ဆောင် မင်းသမီးရဲ့ ချမ်းသာတဲ့ ခင်ပွန်းဖြစ်သူဖြစ်တဲ့ မင်းသား Jung Sung Il ဟာဆိုရင်လည်း ပရိသတ်တွေ ကြားမှာ လူပြောများနေခဲ့ပါတယ်။ Jung Sung Il က အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/96/968ee839ed601a34563fafc7e5ed70ba6151bee2.jpg

ပရိသတ်တွေကို ပိုပြီး အံ့ဩမိစေခဲ့တာကတော့ Jung Sung Il က The Glory အတွက် ကြောက်ခမန်းလိလိ ခန္ဓာကိုယ်ပြောင်းလဲမှုကြီးကို လုပ်ခဲ့ပါတယ်။ Jung Sung Il က ဇူလိုင် ၁၆ ရက်နေ့ကနေ စက်တင်ဘာ ၁၀ ရက်နေ့အထိ ၈ ပတ်တိတိ personal trainer မပါဘဲ ကြွက်သားတွေ တောင့်တင့်ခိုင်မာအောင် လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=636,q=100/af/af2c1e2a3a1127e55a1937efe9fefd6ff14d8574.jpg

Jung Sung Il က နေ့တိုင်းနေ့တိုင်း ၂ နာရီကနေ ၃ နာရီအထိ မနားတမ်းလေ့ကျင့်ခဲ့ပြီး အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ရလာဒ်အနေနဲ့ အချိန်တိုအတွင်းမှာ ကြီးမာတဲ့ ပြောင်းလဲမှုကြီးကို ရရှိခဲ့တာကြောင့် ပရိသတ်တွေ များစွာက Jung Sung Il ကို အံ့ဩနေကြပါတယ်။ဇာတ်လမ်းတွဲအတွက် အကောင်းဆုံး ပြောင်းလဲမှုကြီးကို ဆောင်ရွက်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား Jung Sung Il ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/5d/5d2f8a4de6e92d979fa8f0be173adb7c06c3526b.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T