သူငယ်ချင်း Mew Nittha ရဲ့ သမီးချောလေးကို ချစ်မဝဖြစ်နေတဲ့ ထိုင်းမင်းသမီး Davika

//s9.kh1.co/51/51d3034c815b0007484812497d0a9736f8ebd157.jpg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကလေးချစ်တတ်တဲ့ ဒါဝီလေး .. လုပ်နေတဲ့ ပုံစံလေးက အသည်းယားစရာ ..ကိုယ်တိုင်တော့ မဖန်တီးသေးဘဲ သူငယ်ချင်းကလေးတွေပဲ လိုက်ချစ်နေတယ်

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Davikah ကတော့ P Mark ရုပ်ရှင်ကားနဲ့ မြန်မာပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားသူလေး ဖြစ်ပါတယ်။ သူမရဲ့ ကြည်လင်တောက်ပတဲ့ အသားအရေနဲ့ အဆီပိုမရှိတဲ့ ခန္ဓာကိုယ်လေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေကြားမှာသာမက မိန်းကလေးတွေလည်း အားကျနေရသူလေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/68/68053e13050a4b11f350694522cba738d7402619.jpg
https://s9.kh1.co/__image/w=650,h=813,q=100/f2/f2f492507dae532c78204c18304a54ef67afcfd2.jpg

2010 ခုနှစ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အသက် 30 အရွယ် သူမက အခုဆိုရင် ဟာ ဆိုရင် ဇာတ်လမ်းတွေထဲမှာလည်း အောင်မြင်ကျော်ကြားပြီး မိန်းကလေးရော ယောကျာ်းလေး ပရိသတ်တွေပါရှိတဲ့ သူလေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/34/34e8efceaf532db624bf8ce6e6daf228763a05d4.png
https://s9.kh1.co/__image/w=450,h=450,q=100/83/8381b74f6b32b8162227489efbffaff796e59604.jpg

စိတ်သဘောထားပြည့်ဝတတ်တဲ့ ဒါဝီက ကလေးချစ်တတ်တဲ့သူလေးလဲဖြစ်ပါတယ်။ ကလေးလေးတွေနဲ့ တွေ့ရင် မျက်နှာလေးပြောင်ပြီး လိုက်စတတ်သူလေးဖြစ်ပါတယ်။ ဒီတစ်ခါမှာလဲ သူငယ်ချင်း MewNittha ရဲ့ သမီးလေး Marin ကို ချစ်မဝဖြစ်နေပြီး မုန့်တွေခွံ့ကျွေးပြီး ဖက်နမ်းနေတာပါ။ Marin လေးကလဲ အရွယ်နဲ့မလိုက်အောင်ကို သွက်လက်ပြီး ဖြူဖြူဖွေးဖွေးလေး ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ ချစ်ဖို့ကောင်းနေသူလေးမို့ ဒါဝီလေး ချစ်မဝဖြစ်နေတာတော့ မဆန်းတော့ပါဘူးနော် ..

https://s9.kh1.co/__image/w=650,h=820,q=100/bb/bbe43b1dd0390ba1837afacb0b4022dedf4f6b43.png
https://s9.kh1.co/__image/w=650,h=816,q=100/75/7597b1387dc316d5163194e3f0e95ddb02288586.png
https://s9.kh1.co/__image/w=599,h=765,q=100/a9/a9127164157c410c684f6557cbe108f68d8a28f1.png
https://s9.kh1.co/__image/w=616,h=775,q=100/6e/6e227f522717f494da49c8392469597119a79baa.png

သတင်း အရင်းအမြစ် Davika's IG Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T