စစ်မှုထမ်းပြီးပြီးချင်းမှာ အဖွဲ့ထဲက ထွက်သွားနိုင်ချေရှိတဲ့ BTS အဖွဲ့ဝင်

//s9.kh1.co/82/82bebbd7482aa07d417f339a60690d9c889cb818.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

စစ်မှုထမ်းပြီးပြီးချင်းမှာ အဖွဲ့ထဲက ထွက်သွားနိုင်ချေရှိတဲ့ BTS အဖွဲ့ဝင်

တောင်ကိုရီးယား ယောကျာ်းလေးများ အဆိုတော်အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် Suga ဟာဆိုရင် အာမီ ပရိသတ်လေးတွေကို အံ့ဩဖို့ကောင်းတဲ့ ကြေညာချက်တစ်ခုနဲ့ အံ့အားသင့်သွားအောင် လုပ်ဆောင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=977,q=100/24/2499ba71018b18ac0a75f6826a7797ec2e09c82c.jpg

BTS အဖွဲ့ဝင် Suga က စစ်မှုထမ်းဆောင်ပြီးသွားရင် သူ့ရဲ့ BTS အဖွဲ့ထဲက သူငယ်ချင်းတွေနဲ့ အတူ သီချင်းတွေ ပြန်ဆိုနိုင်ဦးမှာလားဆိုတဲ့အကြောင်းကို ထည့်ပြောခဲ့ခြင်း မရှိပါဘူး။ ဒါ ကြောင့် ပရိသတ်တွေက Suga ကို အဖွဲ့ထဲနေ နှုတ်ထွက်သွားဖို့များ ရှိနေတာလားဆိုပြီး များစွာ စိတ်ပူနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=543,h=680,q=100/7b/7b8eb2b1c6cea36294de7619042b140e4719f3da.jpg

Suga က စစ်မှုထမ်းဆောင်ဖို့ ကိစ္စတွေအတွက် ပြင်ဆင် နေတုန်းမှာပဲ SUCHWITA အစီအစဉ်မှာ သူ့ဘဝရဲ့ နောင်ရေးအခြေအနေတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ Suga ဟာဆိုရင် နောင်အနာဂတ်မှာ ထုတ်လုပ်သူ ၊ ရက်ပါ တစ်ယောက်အနေနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်ဆိုပြီးလည်း အသိပေးခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=362,q=100/ba/ba6b3fd173b73d32f55ee7a92c6a7d6e20389ef9.jpg

Suga ဟာဆိုရင် လက်မောင်းဒဏ်ရာကြောင့် စစ်မှုထမ်းဆောင်တဲ့ အချိန်မှာ သာမန်သူတွေလိုမျိုး ပြင်းထန်တဲ့ တာဝန်မျိုး မဆောင်ရွက်နိုင်တာကြောင့် ပြည်သူ့ ဝန်ထမ်းတာဝန်ကိုသာ ဆောင်ရွက်မယ့်သူဖြစ်ပါတယ်။ ဒါပေမယ့် Suga ရဲ့ တာဝန်ကာလက စစ်မှုထမ်းဆောင်တဲ့ အချိန်ကာလထက် ပိုပြီး ကြာကောင်း ကြာနိုင်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/b3/b329830df61cb9c9c63f5e59f7f3f782451975a9.jpg

ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပြီးတဲ့ကာလမှာ ဆက်လက် လုပ်ဆောင်နိုင်ချေရှိတဲ့ အစီအစဉ်တွေကို ထုတ်ပြောခဲ့တဲ့ BTS အဖွဲ့ဝင် Suga ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T