အိုနေပြီဆိုတဲ့ဝေဖန်ချက်တွေကို အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့သက်သေပြခဲ့တဲ့ ဆောင်းဟေကို

//s9.kh1.co/81/81befa641f2427303ba475d0c380feacb6e9d25a.jpg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

အကုန်လုံး ပါးစပ်တွေ အဟောင်းသား ဖြစ်သွားတာနော် ..

တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာဆိုရင် အိုနေပြီဆိုတဲ့ ဝေဖန်ချက်တွေကို အပြောထက်အလုပ်နဲ့ သက်သေပြခဲ့ပြီး ဝေဖန်သူတွေကို နှုတ်ဆိတ်သွားအောင် လုပ်ခဲ့ပါတယ်။ Netflix မူရင်းဒရမ်မာဖြစ်တဲ့ The Glory ဟာဆိုရင် ဆောင်းဟေကိုအတွက် ခန်းညားလွန်းတဲ့ ပွဲဦးထွက် ဇာတ်လမ်းဖြစ်ပြီး ဆောင်းဟေကိုကိုလည်း မြင်နေကြ ပုံစံနဲ့ မတူသွားစေတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကြည့်မရတဲ့သူ တချို့က ဆောင်းဟေကိုကို အိုနေပြီ ၊ ဆွဲဆောင်မှု မရှိဘူးလို့ နည်းအမျိုးမျိုးနဲ့ ဆိုခဲ့ကြပေမယ့် ဆောင်းဟေကိုကတော့ ဟုတ်ပါတယ် ။ ကျွန်မ အိုနေပါပြီဆိုပြီး လက်ခံပေးခဲ့ပါတယ်။

Google
Google
Google
Google
Google
Google

အဆိုပါ ဝေဖန်ချက်တွေကို ပြုလုပ်ခဲ့တဲ့သူတွေက မကြာသေးမီက Fendi ပွဲမှာ မြင်တွေ့ခဲ့တဲ့ ဆောင်းဟေကိုရဲ့ မျက်နှာကို တွေ့ပြီးနောက်မှာ များစွာ အံ့အားသင့်ခဲ့ကြပြီး သူတို့ တွေ့မြင်နေခဲ့တာတွေက အမှားတွေ ဖြစ်တယ်ဆိုတာကို ယုံကြည်ခဲ့ကြပါတယ်။ Song Hye Kyo ရဲ့ Fendi Event ပွဲ ပုံရိပ်လေးတွေက နုပျိုလွန်းနေပြီး အနီးကပ်ကြည့်ရင်တောင် ပြစ်မျိုး မှဲ့မထင် အနာအဆာ ကင်းမဲ့တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

Google
Google
Google
Google

နိုပျိုလန်းဆန်းလွန်းလှတဲ့ ဆောင်းဟေကိုရဲ့ ပုံရိပ်ကို ပရိသတ်တွေက "သူမရဲ့ အလှတရားက အဆုံးမဲ့ ထာဝရရှင်သန်နေမယ့် အလှတရားမျိုးပါ။ဆောင်းဟေကိုရဲ့ အလှတရားလေးက အဟာရဓာတ်တွေပြည့်ဝနေတဲ့ နွေဦးလေးလိုပဲ .. သူမရဲ့ ပုံရိပ်က Fendi နဲ့ လုံးဝ အံဝင်ခွင်ကျပဲ … မမ က ဘယ်လိုတောင် အရမ်း နုပျိုပြီး အရမ်းငယ်နေတာလဲ .. စတဲ့ မှတ်ချက်တွေ ပေးထားကြပါတယ်။" 

Google
Google
Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T