နာမည်ကြီးအဆိုတော် Justin Bieber တို့ စုံတွဲဟာ ကြင်စဦးဇနှီးမောင်နှံတွေလို ပျော်ရွှင်စွာအတူရှိနေတာကို ပရိသတ်တွေ အနေနဲ့ တွေ့မြင်ခဲ့ရပါတယ်။ပရိသတ်အချစ်တော် စုံတွဲဟာ လူမှုကွန်ရက်မှာ ပရိသတ်တွေအတွက် သူတို့ရဲ့ဓာတ်ပုံလေးတွေကို မျှဝေခဲ့ပါတယ်။

ဓာတ်ပုံတွေထဲမှာ Justin တို့ဇနီးမောင်နှံဟာ ချစ်စ၊ခင်စ၊ကြင်နာစလို ပုံစံလေးတွေလို တွေ့မြင်ခဲ့ရပါတယ်။သူတို့နှစ်ဦးဟာ ကလေးအလွန်ချစ်တတ်ကြတဲ့သူတွေ ဖြစ်ပြီး ကလေးလေးတစ်ယောက်နဲ့လည်း အတူကိုယ်စီ ဓာတ်ပုံတွဲရိုက်ခဲ့ကြပါတယ်။

တစ်ယောက်ကိုတစ်ယောက်လည်း အပြန်အလှန်ဓာတ်ပုံတွေရိုက်ပေးခဲ့ကြပြီး ပရိသတ်တွေကို ကြည်နူးစေခဲ့ပါတယ်။မြင်တွေ့ခဲ့ရတဲ့ ပရိသတ်တွေကလည်း ကလေးချစ်တတ်ပြီး ကလေးမယူသေးတဲ့ ဇနီးမောင်နှံကို စနောက်ခဲ့ကြပါတယ်။

Justin နဲ့ Hailey တို့ဟာ ၂၀၁၈ ခုနှစ်တုန်းက လက်ထပ်ခဲ့တာ ဖြစ်ပြီး နှစ်တွေပြောင်းသွားပေမယ့် အချစ်တွေကတော့ စချစ်ခါစတုန်းကပုံလေးလို အမြဲဖြစ်နေတယ်ဆိုတာ ပရိသတ်တွေ တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။



Photos: Credit





