တောင်ကိုရီးယားမင်းသား Lee Seung Gi ဟာဆိုရင် လက်ရှိမှာ အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး မင်းသမီး Lee Da In နဲ့ လက်ထပ်တော့မှာပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးက လူသိရှင်ကြား အနုပညာရှင်တွေဆိုပေမယ့် လေးနက်တဲ့ စိတ်ခံစားချက်တွေ ရှိကြပြီး တစ်ယောက်အပေါ်လည်းတစ်ယောက် အရမ်းကို နားလည်မှု ရှိကြတဲ့သူတွေဖြစ်ပါတယ်။

နှစ်ဦးသားက မကြာခင် လက်ထပ်ကြတော့မှာ ဆိုပေမယ့် Lee Seung Gi က ခရစ်ယာန်လူမျိုး တစ်ယောက်ဖြစ်ပြီး Lee Da In က ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ သူဖြစ်ပါတယ်။ ဘာသာမတူပေမယ့်လည်း Lee Seung Gi က သူ့ချစ်သူကောင်မလေး Lee Da In ကို တုန်နေအောင် ချစ်ပြီး အချစ်တွေ ညှိုးနွမ်း မသွားအောင် အမြဲတမ်း ဂရုစိုက်ပေးတတ်တဲ့သူဖြစ်ပါတယ်။

မကြာသေးမီကလည်း YouTuber တစ်ယောက်ဖြစ်တဲ့ Lee Jin Ho က မင်းသား Lee Seung Gi နဲ့ ပတ်သက်တဲ့ အိမ်ထောင်ရေး အကြောင်းကို ပြောပြလာခဲ့ပါတယ်။ Lee Seung Gi က ခရစ်ယာန်ဘာသာဝင် လူမျိုးတစ်ယောက်ဖြစ်ပေမယ့် ချစ်သူ ကောင်မလေး ဘုန်းကြီးကျောင်းသွားရင် အမြဲ လိုက်သွားပေးလေ့ရှိတဲ့သူလို့ ဖော်ညွှန်းခဲ့ပါတယ်။

Lee Seung Gi ရဲ့ ယောက္ခမကြီး ဖြစ်လာမယ့် မင်းသမီးကြီး Kyeon Mi Ri က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လွန်းတဲ့ သူဖြစ်ပြီး သူသားမတ်ဖြစ်လာမယ့်သူကို က ခရစ်ယာန်ဘာသာဝင် ဖြစ်နေတာကို လုံးဝ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ ကြောင့် Lee Seung Gi အနေနဲ့ သေချာပေါက်ကို ဗုဒ္ဓဘာသာ အဖြစ် ပြောင်းထားနိုင်တယ်လို့ မှန်းထားကြပါတယ်။ မင်းသား Lee Seung Gi နဲ့ မင်းသမီး Lee Da In တို့ နှစ်ဉီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကို ဧပြီလ ၇ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။






