တောင်ကိုရီးယားအနုပညာလောကမှာ ရုပ်ရည်ချောမောပြီး လိုလေသေးမရှိအောင်ပြည့်စုံလွန်းတဲ့ မင်းသားတွေ အများကြီးပဲ ဖြစ်ပါတယ်။ K-pop ကြယ်ပွင့်တွေက အစ K-drama သရုပ်ဆောင်တွေ အထိ အားလုံးက ချောမောခန့်ညားလွန်းပြီး ကြည့်ကောင်းလွန်းကြပါတယ်။ အဲဒီထဲကမှ ကျောင်းသားဘဝတုန်းက ပိုပြီး ကြည့်ကောင်းပြီး ချောမောကြတဲ့ မင်းသားတွေကို ဖော်ပြပေးသွားပါမယ်။
ASTRO Cha Eun Woo

Cha Eun Woo က လက်ရှိမှာ အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး တောင်ကိုရီးယားရဲ့ ချောမောခန့်ညာတဲ့ ကောင်လေး အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့သူဖြစ်ပါတယ်။ Cha Eun Woo က အသက်ကြီးမှ ချောလာတာမျိုး မဟုတ်ဘဲ ငယ်ငယ်လေး ကတည်းက အရွယ်ရောက်ပြီး ချောလာတဲ့ သူဖြစ်လို့ တကယ်ကို ကုသိုလ်ကံထူးလွန်းတဲ့သူလေး ဖြစ်ပါတယ်။

Cha Eun Woo ရဲ့ ငယ်ဘဝ ပုံရိပ်လေးတွေကလည်း အရမ်းကို ပြည့်စုံလွန်းလို့ ငယ်ငယ်က ပိုချောတယ်လို့တောင် သတ်မှတ်ထားကြပါတယ်။
Kang Tae Oh

တောင်ကိုရီးယားမင်းသား Kang Tae Oh ဟာဆိုရင်လည်း လက်ရှိမှာ အသက် ၂၈ နှစ်အရွယ်ရှိနေပြီ ဖြစ်ပြီး ချောမောခန့်ညားလွန်းတဲ့ သူဖြစ်ပါတယ်။ Kang Tae Oh ရဲ့ ကလေးဘဝတုန်းက ဓာတ်ပုံတွေကို တွေ့ရှိပြီးနောက်မှာ ပရိသတ်တွေက ငယ်ငယ်တုန်းက ပိုချောတဲ့သူအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

Go Kyung Pyo

တောင်ကိုရီးယားမင်းသား Go Kyung Pyo ဟာဆိုရင်လည်း ရုပ်ရည်ချောမောပြီး ပရိသတ်တွေ ကြိုက်နှစ်သတ်ကြတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ Go Kyung Pyo ကိုလည်း ပရိသတ်တွေက ကလေးဘဝတုန်းက ပိုချောတဲ့ သူလို့ ဆိုကြပါတယ်။

ကလေးဘဝကတည်းက ချောမောလွန်းတာကြောင့် နောင်တစ်ချိန်မှာ မင်းသား ဖြစ်နိုင်တဲ့ ရုပ်ရည်တွေကို ပိုင်ဆိုင်ခဲ့ကြတဲ့ တောင်ကိုရီးယား မင်းသားတွေရဲ့ ငယ်ဘဝ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။





