ချစ်သူဟောင်း Harry Styles ကို မတ်တပ်ရပ်ကာ ဂုဏ်ပြုပေးခဲ့တဲ့ Taylor Swift

//s9.kh1.co/19/19ba0fc22818c560afb9eae4a48e4947311c660a.jpg
အနုပညာရှင်များ

 ၀၈-ဖေ-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

မကြာသေးမီက ကျင်းပခဲ့တဲ့ Grammy ဆုပေးပွဲမှာ Harry Styles နဲ့ Taylor Swift တို့ဟာ......

ကမ္ဘာကျော်အဆိုတော်တွေ ဖြစ်ကြတဲ့ Taylor Swift နဲ့ Harry Styles တို့ဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ Grammy ဆုပေးပွဲကို တက်ရောက်ကြခဲ့ပါတယ်။Harry Styles ဟာ ဆုတွေဆွတ်ခူးရရှိခဲ့ပေမယ့် Taylor Swift ကတော့ မှန်းထားသလို မဖြစ်ခဲ့တာကြောင့် ပရိသတ်တွေ အနေနဲ့ ဝမ်းနည်းခဲ့ကြပါတယ်။ဒါပေမယ့် Taylor Swift ကတော့ ဆုတွေဟာ သူမနဲ့ ယဉ်ပါးနေတဲ့အရာမို့ ဖြေသိမ့်လို့ရတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/77/772116d6446be4a39f0ca96979849baef87b3e75.jpg
https://s9.kh1.co/__image/w=650,h=650,q=100/dc/dcd55729744b4a9baf88a4eddeb0912b3bb25bc8.jpg

Grammy ဆုပေးပွဲမှာ ပုံမှန်ထက်ပရိသတ်တွေ သတိထားမိခဲ့တဲ့ အကြောင်းအရာတစ်ခု ရှိခဲ့ပါတယ်။ထိုအကြောင်းကတော့ Taylor Swift ဟာ Harry Styles ဆုရချိန်မှာ ကြားရတဲ့ဝေဖန်မှုတွေရှေ့မှာ ရပ်တည်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/94/94c25514ac79de5edc9f669b7aa05c884e9c7d0b.jpg

Taylor Swift နဲ့ Harry Styles တို့ဟာ (၂၀၁၂) ခုနှစ် က တွဲခဲ့ကြတဲ့ ရည်းစားတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ စိတ်သဘောထားချင်း မတိုက်ဆိုင်မှုကြောင့် ပြတ်စဲခဲ့တာ ဖြစ်ပါတယ်။အခုအချိန်မှာတော့ လက်တွဲဖော်တွေနဲ့ ဖြစ်နေပေမယ့် သံယောဇဉ်တွေတော့ ကျန်ရှိနေကြတုန်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/41/41a3ec863ac84b959731f5594ef36212f58b2386.jpg

Harry Styles ဆုရရှိချိန်မှာ အောက်က ပရိသတ်တစ်ချို့က `` မရသင့်ဘူး ထွက်သွား၊တန်ရဲ့လား လို့ ပြန်စဉ်းစား ‘’ စတဲ့ မကောင်းတဲ့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ ဒါပေမယ့် Harry Styles ကျေးဇူးတင်စကားပြောနေချိန်မှာ ကျန်တဲ့သူတွေက ထိုင်နေခဲ့ကြပေမယ့် Taylor Swift ကပဲ တော့ မတ်တပ်ရပ်ကာ ဂုဏ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=458,q=100/58/588a0abfcacc5b949c19713277eb7258574cb915.jpg
https://s9.kh1.co/__image/w=650,h=401,q=100/7d/7d9aa2d9fca2595d893067f0255f21e8fb303419.jpg

Photos :Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T