Titanic ဇာတ်ကားကြီးမှာ ပရိသတ်က စတင် သတိထားမိခဲ့ပြီး သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ရင် လက်ဖျားခါရလောက်အောင် ပီပြင်ပိုင်နိုင်လွန်းတာကြောင့် ပရိသတ်တွေရင်ထဲမှာ စွဲမြဲနေတဲ့အထိ ချစ်ခင်ရသူကတော့ အားလုံးက ချစ်ကြတဲ့ မင်းသားကြီး လီယိုနာဒို ဒီကာပရီယို ပဲ ဖြစ်ပါတယ်။

လီယိုနာဒို ဒီကာပရီယို ဟာ လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းခန့်က သူနဲ့ (၄)နှစ်နီးပါး ချစ်ကျွမ်းဝင်ခဲ့တဲ့ မော်ဒယ်နဲ့ပြတ်စဲခဲ့ပြီးနောက်မှာ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို ချိန်းတွေ့နေခဲ့ပြီး အခုအခါမှာတော့ အသက်(၂၉)နှစ်အထိ ကွာတဲ့ အထိ ငယ်ရွယ်လွန်းတဲ့ မော်ဒယ်မလေးနဲ့ တွဲချိတ်နေပြီဖြစ်ပါတယ်။

အသက် (၁၉) နှစ်သာရှိသေးတဲ့ အစ္စရေးမော်ဒယ်မလေး Eden Polani နဲ့ တွဲချိတ်နေပြီဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ပုံတစ်ပုံဟာ ပါပါရာဇီတွေရဲ့ လက်ချက်နဲ့ ဆိုရှယ်မီဒီယာပေါ် ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ လီယိုနာဒို တစ်ယောက် ဘယ်လောက်အထိ ပွေးမလဲ၊ ဒီတစ်ယောက်နဲ့ ဘယ်ချိန်ထိ တွဲဖြစ်မလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါပဲ။










