တောင်ကိုရီးယား နိုင်ငံရဲ့ မင်းသားကြီး တစ်ယောက်ဖြစ်တဲ့ Song Ii Kook ဟာ အမွှာသားလေးသုံးယောက်ကို ပိုင်ဆိုင်ထားပြီးပရိသတ်တွေရဲ့ စံပြဖခင်ဘွဲ့ကို ရရှိထားတဲ့ သူဖြစ်ပါတယ်။သူဟာ သူ့သားလေးသုံးယောက်ကို အရမ်းချစ်လွန်းတာ ပရိသတ်တွေရဲ့ မျက်မြင်ကိုယ်တွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သူဖြစ်ချင်တဲ့ အရာတစ်ခုဟာဖြစ်မလာခဲ့တာ ဖြစ်ပါတယ်။အမွှာလေးတွေဟာ သဘာဝအလျှောက် လူပျိုပေါက်စအရွယ်လေးတွေကို ရောက်လာခဲ့တာဖြစ်ပြီး ထွားကြိုင်းလာခဲ့တာ ဖြစ်ပါတယ်။

Song Ii Kook က သူ့အိမ်မက်တွေ မဖြစ်မြောက်ရင်နေပါစေ ရင်ခွင်ထဲပိုက်ထားချင်လို့ သားလေးတွေကို ကြီးမလာစေချင်ဘူးလို့ ဝန်ခံခဲ့ဖူးတာဖြစ်ပါတယ်။ဒါပေမယ့် ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေ ဖြစ်တာလောကကြီးရဲ့ ဓမ္မတာမို့ မထူးဆန်းတာပဲ ဖြစ်ပါယ်။

ဖေဖေ Song Ii Kook ဟာ သူဖြစ်ချင်တာ မဖြစ်ခဲ့ရပေမယ့် နောင်တစ်ချိန်မှာ အမွှာလေးတွေဟာ ဒီထက်ပိုအရွယ်ရောက်ပြီး မိဘတွေ အားကိုးရမယ့် သားလေးတွေဖြစ်လာမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။


Photos:Credit