Song Hye Kyo ရဲ့ အဆိုးဆုံးရည်းစားဟောင်းအဖြစ် နာမည်တွင်ခဲ့ဖူးတဲ့မင်းသား

//s9.kh1.co/cd/cd80d2d2dd8d69e3427dab4039f3832d5939c275.jpeg
အနုပညာရှင်များ

 ၀၇-ဖေ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

တော်တော်ဆိုးတာပဲနော် အခုတော့ တစ်ယောက်တစ်လမ်းဆီ လျှောက်နေကြပြီ ..

တောင်ကိုရီးယားမင်းသား Lee Byung Hun နဲ့ Song Hye Kyo တို့ဟာဆိုရင် ၂၀၀၃ ခုနှစ်တုန်းက All In ဇာတ်လမ်းတွဲရိုက်ကူးအပြီးမှာ ချစ်ကြိုက်ခဲ့ကြပြီး လူသိရှင်ကြား တွဲခဲ့တဲ့ စုံတွဲဖြစ်ပါတယ်။ Lee Byung Hun နဲ့ Song Hye Kyo တို့က လူသိရှင်ကြားတွဲခဲ့ဖူးတဲ့ နာမည်ကြီး မင်းသမီးဆိုပေမယ့်လည်း သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းက ထင်ထားသလောက် မရိုးရှင်းပါဘူး။ 

Google
Google

Lee Byung Hun နဲ့ တွဲတုန်းက Song Hye Kyo ရဲ့ အသက်က ၂၀ နှစ်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်တုန်းက Song Hye Kyo က Autumn in My Heart ဇာတ်လမ်းနဲ့ နာမည်ကြီးပြီး အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ Song Hye Kyo က Lee Byung Hun ကို အရမ်းချစ်ခဲ့ဖူးပြီး အအောင်မြင်ဆုံး အချိန်မှာတောင် တွဲဖို့ကို မတွန့်ဆုတ်ခဲ့တဲ့သူဖြစ်ပါတယ်။ 

Google 
Google 
Google
Google

Lee Byung Hun ဟာဆိုရင် ဇာတ်ကောင်တိုင်းနဲ့ အံဝင်ခွင်ကျသရုပ်ဆောင်နိုင်တဲ့သူဖြစ်ပြီး သူ့ဆီမှာ အခြားသူတွေနဲ့ မတူတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒီအရာကတော့ ရှည်သွယ်ဖြောင့်ဆင်းတဲ့ နှာခေါင်းနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မျက်နှာ ပုံစံမျိုး ဖြစ်ပါတယ်။ ဒါ ပေမယ့်လည်း Lee Byung Hun က ချစ်ဖို့ကောင်းလွန်းလှတဲ့ မမ Song Hye Kyo နဲ့ လမ်းခွဲခဲ့ရပါတယ်။ 

Google
Google

Lee Byung Hun ကို Song Hye Kyo က အဆိုးဆုံး ချစ်သူအဖြစ် မဖော်ပြခဲ့ပေမယ့်အရိပ်အမြွတ်လေးတော့ ပြောခဲ့ဖူးပါတယ်။ အဲဒါကတော့ သူမ မကြိုက်တဲ့ အမှားကို နောက်ထပ် ဘယ်တော့မှ မလုပ်တော့ဘူးလို့ ကတိပေးထားတဲ့သူက ထပ်တူညီတဲ့ အမှားတွေကိုပဲ ဆက်လုပ်ခဲ့ပါတယ်လို့ အင်တာဗျူးတစ်ခုမှာဖွင့်ဟ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အခြေအနေတွေ အားလုံးကို ချိတ်ဆက်ရင်း ပရိသတ်တွေက အဆိုပါအကြောင်းအရာကို Lee Byung Hun ကိုရည်ရွယ်ပြီး ပြောခဲ့တာလို့ ဆိုခဲ့ပါတယ်။ 

Google
Google

မင်းသား Lee Byung Hun က ချစ်သူ ကောင်မလေးတွေနဲ့ ပတ်သက်ပြီး သတင်းဆိုးတွေ မကြာခဏ ထွက်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ 

Google 
Google 

လက်ရှိမှာတော့Lee Byung Hun က မင်းသမီး Lee Min Jung နဲ့ လက်ထပ်ခဲ့ပြီး တည်ငြိမ်အေးချမ်းတဲ့ အိမ်ထောင်ရေးလေးကို ထူထောင်ထားပါတယ်။  

Google
Google

Song Hye Kyo ရဲ့တစ်ချိန်တုန်းက အဆိုးဆုံး ရည်းစားအဖြစ် သတ်မှတ်ခြင်းခံထားရဖူးတဲ့ မင်းသား Lee Byung Hun ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T