High kick ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီး လူသိများခဲ့တဲ့ ကလေး သရုပ်ဆောင်လေး နှစ်ယောက်ဖြစ်တဲ့ ဂျန်ဟယ်ရီနဲ့ ရှင်းရှင်းအယ်တို့ဟာ ဆိုရင် လက်ရှိမှာ ဘဝကိုယ်စီနဲ့ လူကြီးလေးတွေတောင် ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ နာမည်အရင်းက Jin Ji Hee နဲ Shin Ae တို့ ဖြစ်ကြပြီး အပြင်မှာလည်း အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ Jin Ji Hee က လက်ရှိအချိန်အထိ နာမည်ကြီးပြီး အောင်မြင်နေတဲ့ သရုပ်ဆောင် အဖြစ် ရပ်တည်နေပေမယ့်လည်း Shin Ae ကတော့ အနုပညာလောကထဲကတောင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပါတယ်။ တစ်ယောက်တစ်လှမ်းစီ လျှောက်လှမ်းနေကြပြီး လှပစွာ အရွယ်ရောက်လာကြတဲ့ Jin Ji Hee နဲ့ Shin Ae တို့ အကြောင်းကို အသေးစိတ်လေး ထပ်မံဖော်ပြပေးသွားပါမယ်နော်။



1.Jin Ji Hee

Jin Ji Hee ဟာဆိုရင် ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေထဲမှာ မပါမဖြစ် ကြယ်ပွင့်လေး တစ်ပွင့်ဖြစ်ပါတယ်။ Jin Ji Hee က လက်ရှိမှာ အသက် ၂၃ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး လှပချောမောစွာနဲ့ မိန်းမလှလေး အဖြစ် အရွယ်ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။


Jin Ji Hee ကို ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ကြတာကြောင့် လက်ရှိအချိန်အထိ အနုပညာလမ်းကြောင်းထက်ဆီမှာ အောင်မြင်မှုတွေ ရရှိနေတုန်းပဲ ဖြစ်ပါတယ်။
2.Seo Shin Ae

Seo Shin Ae ကိုတော့ High kick ဇာတ်လမ်းတွဲ အပြီးမှာ ရုပ်ရှင်တွေ ၊ ဇာတ်လမ်းတွဲတွေထဲမှာ သိပ်ပြီး မြင်တွေ့ရလေ့ မရှိတော့ပါဘူး။ Seo Shin Ae က လက်ရှိ မှာ အသက် ၂၄ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ငယ်ငယ်တုန်းကလိုမျိုး အောင်မြင်နေတဲ့သူ ဖြစ်မနေတော့ပါဘူး။


Seo Shin Ae ဟာဆိုရင် ကျောင်းတွင်း အကြမ်းဖက်မှု တစ်ခုထဲမှာ ပါဝင်ခဲ့ဖူးတယ်လို့လည်း စွပ်စွဲခံခဲ့ရဖူး တာကြောင့် နာမည်ကျဆင်းခဲ့ဖူးတဲ့သူလည်းဖြစ်ပါတယ်။ Seo Shin Ae က လက်ရှိမှာ Jin Ji Hee လောက် အောင်မြင်မှုတွေ သိပ်ပြီး မရတော့ပေမယ့်လည်း ပရိသတ်တွေရဲ့ အချစ်တော်လေး အဖြစ် ဆက်လက် ရပ်တည်နေနိုင်တုန်းပဲ ဖြစ်ပါတယ်။






