တေးသီချင်းများကို အသံပါဝါကောင်းကောင်း နဲ့ ပီပြင်ပိုင်နိုင်စွာ သီဆိုနိုင်သူ ၊ သီချင်းများ ကို ပရိသတ်ရင်ထဲ ထိရှသွားအောင် အမြဲပေးပို့ သီဆိုနိုင်သူ ၊ တေးသီချင်းများကို အရမ်းချစ်မြတ်နိုးသူ ၊ အေးအေးဆေးဆေးနေတတ်တဲ့ အကျင့်ကြောင့် ပရိသတ်တွေက အချစ်ပိုရသူ ကတော့ အားလုံးက ချစ်ရတဲ့ အဆိုတော် R ဇာနည် ပါပဲ။

အဆိုတော် Rဇာနည် ဟာ အခုလက်ရှိမှာတော့ သူ့ရဲ့မိသားစုနဲ့အဝေးတစ်နေရာဖြစ်တဲ့ တိုင်းတစ်ပါးမှာ သွားရောက်နေထိုင်နေတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ရပ်နားထားတာဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူ့ရဲ့ ပရိသတ်တွေကတော့ သူ့အပေါ် အမြဲဆိုသလို သတိရနေကြပြီး သူ့ရဲ့ အနုပညာတွေကိုလည်း မမေ့မလျော့ဘဲ အမြဲချစ်ခင်တန်ဖိုးထားနေကြတာဖြစ်ပါတယ်။

ဒီကနေ့ကတော့ ကို Rဇာနည် ရဲ့ အသက်(၄၅)နှစ်ပြည့်မွေးနေ့ဖြစ်ပြီး သူ့ရဲ့ မွေးနေ့ကို သူငယ်ချင်းဖြစ်သူ အဆိုတော် ရန်ရန်ချမ်း က ပုံလေးတစ်ပုံဖြင့် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာခဲ့ပါတယ်။ အဆိုပါ ပုံလေးဟာ ကို R ဇာနည် နဲ့ ကိုရန်ရန်ချမ်း တို့ရဲ့ သားနှစ်ဦးရဲ့ ပုံဖြစ်ပြီး အဆိုတော် R ဇာနည် နဲ့ ကိုရန်ရန်ချမ်း တို့ဟာ သူတို့သားနှစ်ဦး ရဲ့ပုံစံအတိုင်းတစ်ထေရာတည်း လိုက်လုပ်ကာ ရိုက်ကူးထားတဲ့ပုံလေးဖြစ်ပါတယ်။ အဆိုတော် ကို R ဇာနည်တစ်ယောက် ဒီကနေ့ အသက်(၄၅)နှစ်ပြည့် မွေးနေ့ မှစနောင်နှစ်ပေါင်းများစွာတိုင် စိတ်အေးချမ်းသာတဲ့ ဘဝမှာနေထိုင်နိုင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။








