ဝေဖန်မှုပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ တောင်ကိုရီးယားမင်းသမီး Im Soo Hyang

//s9.kh1.co/e8/e8d1c4c5f0842e98191f780d8dfad45869fbb7d8.jpeg
အနုပညာရှင်များ

 ၀၄-ဖေ-၂၀၂၃ ၄pm · လွန်ခဲ့သော ၃ နှစ် က

တကယ်ကို နစ်နစ်နာနာခံစားနေရတာ …

တောင်ကိုရီးယား မင်းသမီး Im Soo Hyang ဟာဆိုရင် မကြာသေးမီကမှ ပူပူနွေးနွေး ထွက်ရှိထားတဲ့ K-drama “Kokdu: Season of Deity” မှာပါဝင်သရုပ်ဆောင်ရင်း ပြင်းထန်စွာဝေဖန်  အပြစ်တင်ခံနေရပါတယ်။

Google
Google

“Kokdu: Season of Deity” ဟာဆိုရင်  မင်းသား Kim Jung Hyun ၂  နှစ်ကြာ ရပ်နားခဲ့ပြီးနောက် ပြန်လည်ရိုက်ကူးထားတဲ့ K-drama အသစ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇာတ်လမ်း က အပိုင်း ၁ မှာ 4.8 % ကနေ 2.2 အထိ ကျဆင်းသွားတာကြောင့် ဒရမ်မာ ကြည့်နှုန်းတာ တော်တော်လေး ဆိုးရွားလျက်ရှိပါတယ်။ 

Google
Google

ဇာတ်လမ်းတွဲ ကြည့်ရှုနှုန်း ညံ့ဖျင်းရတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခြင်း ခံနေရတဲ့သူကတော့အဓိက ဇာတ်ဆောင် တောင်ကိုရီးယားမင်းသမီး Im Soo Hyang ပဲ ဖြစ်ပါတယ်။ 

Google
Google

Mydramalist မှာရှိတဲ့ “Kokdu: Season of Deity” စာမျက်နှာမှာ အင်တာနက်အသုံးပြုသူများက Im Soo Hyang ရဲ့ သရုပ်ဆောင်စွမ်းရည်နှင့် ပတ်သက်ပြီး အဆိုးမြင်မှတ်ချက်များ ပေးထားကြပါတယ်။ Im Soo Hyang ရဲ့မျက်လုံးက အသက်ကင်းမဲ့နေပြီး သရုပ်ဆောင်အမူအယာတွေကလည်း အသက်ကင်းမဲ့နေတယ်လို့ဆိုတာပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။ 

Google
Google

ဒါ့အပြင် Im Soo Hyang  ရဲ့ မျက်နှာခွဲစိတ်မှုပြုလုပ်ထားတယ်ဆိုတဲ့ ဝေဖန်ချက်တွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ များစွာ ရရှိလျက်ရှိပါတယ်။ 

Google
Google

Im Soo Hyang ဟာဆိုရင် နာမည်ကြီးတဲ့သူဖြစ်ပေမယ့် ဇာတ်ကားရွေးချယ်မှု ညံ့ဖျင်းတာကြောင့် နောက်ပိုင်းကျရင် နာမည်ကျဆင်းသွားနိုင်ချေရှိတယ်ဆိုပြီးတော့လည်း ပရိသတ်တွေက ဝေဖန်ထားကြပြန်ပါသေးတယ်။ 

Google
Google
Google
Google
Google
Google

ကင်ချီမြေက ပရိသတ်တွေရဲ့ ဝေဖန်မှတ်ချက်တွေကို အလူးအလဲရရှိနေတဲ့ တောင်ကိုရီးယားမင်းသမီး Im Soo Hyang ရဲ့အကြောင်းကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T