BTS အဖွဲ့ဝင် Jungkook ဟာ မကြာသေးခင်က ထွက်ရှိပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ နာမည်ကျော်မင်းသမီး Song Hye Kyo ရဲ့ The Glory ကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Jungkook ဟာ မကြာသေးမီက သူ့ကိုလွမ်းနေတဲ့ ပရိသတ်တွေအတွက် Live လွှင့်ကာ စကားတွေပြောဆိုခဲ့တာဖြစ်ပါတယ်။Jungkookဟာ သူ့ခွေးလေး Bam နဲ့ အတူ Live လွှင့်ကာအစားအသောက်လေးတွေစားရင်း ပရိသတ်တွေရဲ့ မေးခွန်းလေးတွေကို ဖြေခဲ့တာ ဖြစ်ပါတယ်။

ထိုသို့ပြောဆိုမှုတွေထဲမှာ ပရိသတ်တစ်ဦးရဲ့ The Glory နဲ့ ပက်သက်တဲ့ မေးခွန်းလည်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။ထိုမေးခွန်းကို Jungkook "ကျွန်တော်ကြည့်မလို့၊အခုတလော အရမ်းနာမည်ကြီးရေပန်းစားနေတာလေ၊ဘာပါလိမ့်၊ The Glory လေ၊ ကျွန်တော် ကြည့်မှာ '' လို့ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

Jungkook ရဲ့ ညွှန်းပေးမှုကြောင့် ပရိသတ်တစ်ချို့ကလည်း Song Hye Kyo ရဲ့ The Glory ကို စကြည့်ကြတော့မှာ ဖြစ်သလို ကြည့်ပြီးသား ပရိသတ်တွေကလည်း Season (2) ကို Jungkook နဲ့အတူ စောင့်ကြည့်ချင်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။


Photos: Credit