F4 ချစ်သူထဲက အဓိက သရုပ်ဆောင်လေးဖြစ်တဲ့ ဂေါင်ဂျန်ဒီရဲ့ မောင်လေးအဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ တောင်ကိုရီးယားကလေး သရုပ်ဆောင်လေး Park Jibin က လက်ရှိမှာ အသက် ၂၇ နှစ်အရွယ်တောင်ရှိနေပြီပဲ ဖြစ်ပါတယ်။ကလေး သရုပ်ဆောင်အဖြစ်ကတည်းက ပရိသတ်တွေနဲ့ မစိမ်းခဲ့တဲ့ သရုပ်ဆောင် Park Jibin က လက်ရှိမှာလည်းနှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အချစ်တော်လေး ဖြစ်လို့နေပါတယ်။

Park Jibin က လူကြီးသရုပ်ဆောင်အဖြစ် ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင် ထားပေမယ့်လည်း အသက် ၂၇ နှစ်လို့ မထင်ရလောက်အောင်ကလေးလေးတစ်ယောက်လိုမျိုး ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

Park Jibin က ဇာတ်လမ်းတွဲပေါင်း ၁၆ တွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင် ၇ ခုထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ကလေးသရုပ်ဆောင်အဖြစ်ကနေ ပုံစံပြောင်းပြီး အနုပညာလှုပ်ရှားမှု လမ်းမထက်မှာ လျှောက်လှမ်းနေတဲ့သူဖြစ်တာကြောင့် Park Jibin တစ်ယောက်တည်ငြိမ်ရင့်ကျက်တဲ့သူဖြစ်အောင် ဆက်ပြီး ကြိုးစားသွားရဦးမှာပဲ ဖြစ်ပါတယ်။

တစ်ခေတ်တစ်ခါက ကလေးသရုပ်ဆောင်လေး အဖြစ်ကနေ ချောမောလှပစွာနဲ့ ကြီးပြင်းလာခဲ့တဲ့ချစ်စရာကောင်လေး Park Jibin ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။






