မကြာသေးမီက BTS အဖွဲ့ဝင် Jimin နဲ့ Jungkook တို့ဟာ ဘာသာပြန်မှားယွင်းမှုကြောင့် ရီစရာအဖြစ်အပျက်နဲ့ ကြုံခဲ့ရပါတယ်။Jungkook ဟာ မကြာသေးမီကမှ ပရိသတ်တွေရှေ့ကို တိုက်ရိုက်ထုတ်လွှင့်မှုနဲ့အတူ ပြန်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
Jungkook ဟာ နောက်ထပ်တစ်ကြိမ်ပရိသတ်တွေအလွမ်းပြေအောင် ထပ်မံ တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့ Jungkook ဟာကြက်သား mukbang ကို စားရင်း ဇာတ်လမ်းကြည့်ကာ ပရိသတ်တွေနဲ့ စကားပြောခဲ့ပါတယ်။
ထို live ကို အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Jimin ဟာ အလုပ်တွေမအားတဲ့ကြားက ကြည့်ရှုခဲ့ပြီး မှတ်ချက်တွေပေးခဲ့ပါတယ်။Jimin ပေးခဲ့တဲ့ မှတ်ချက်တွေထဲက တစ်ခုကတော့ လုံးဝရီစရာအဖြစ်အပျက်ကို ဖြစ်စေခဲ့ပါတယ်။
Jimin က Jungkook ကို ` ငါ့ကလေးလေး အများကြီးစားပါ။hyung ပြန်သွားတော့မယ် ´ လို့ ရေးခဲ့ပေမယ့် အလိုအလျောက်ဘာသာပြန်မှုမှာ `` ငါ့ပုစွန်၊ငါ့မူရာ၊ဝက်ပေါင်ခြောက်နဲ့ ဂန္ဒီ ´´ ဆိုပြီး လုံးဝမတူတဲ့ ဘာသာပြန်မှု ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဒီမှားယွင်းတဲ့ ဘာသာပြန်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီး ပရိသတ်တွေအနေနဲ့လည်း သဘောကျကာ အားရပါးရမောခဲ့ကြပါတယ်။
Photos:Credit
သတင်း အရင်းအမြစ်៖ Koreaboo