မောင်အရင်းက သူမကို မသိတဲ့သူလိုမျိုး ဟန်ဆောင်ထားတဲ့အကြောင်းပြောလာတဲ့ IU

//s9.kh1.co/99/99c93a508cedb4b1430cffc6fcd580f05b9eb7e0.jpeg
အနုပညာရှင်များ

 ၀၅-ဖေ-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

မောင်အရင်းက သူမကို မသိတဲ့သူလိုမျိုး ဟန်ဆောင်ထားတဲ့အကြောင်းပြောလာတဲ့ IU

တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် IU ဟာဆိုရင် မျက်နှာလေးက ချောမောရုံသာမက အသံလည်း အရမ်းကောင်းတဲ့သူဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ရတနာ တစ်ပါးလိုမျိုး တန်ဖိုးထားခြင်း ခံရတဲ့ IU ဟာ ဆိုရင် သူငယ်ချင်း အပေါင်းအသင်းတွေကြားမှာ အချစ်ခံရပြီး အားလုံးနဲ့ ရင်းနှီးမှုရှိတဲ့သူဖြစ်ပါတယ်။လူတိုင်းရဲ့ အချစ်ကို ရရှိခံထားတဲ့ IU မှာ လူတိုင်းမသိသေးတဲ့အချက်တွေ ရှိပါသေးတယ်။

https://s9.kh1.co/__image/w=650,h=905,q=100/44/44683dad7a0ac82c4f3b55346d64a7d7649a229e.png

အဲဒါကတော့ သူမဆီမှာ သူမနဲ့ချွတ်ဆွတ်တူတဲ့ မောင်လေးတစ်ယောက်ရှိတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ IU ရဲ့မောင်လေးက နာမည်ကြီး ညီမလေးကို ပိုင်ဆိုင်ထားပေမယ့်လည်း လူသိခံရမှာကို မကြိုက်ဘဲ အစ်မဖြစ်သူက IU ဆိုတာကို လျို့ဝှက်ထားပါတယ်။

https://s9.kh1.co/__image/w=637,h=777,q=100/ae/ae4a4fc743d46d097a2b8e407d5f13d6f19ee926.png

IU ကလည်း သူမရဲ့မောင်အရင်းဖြစ်သူက သူမကို မသိချင်ယောင်ဆောင်ခဲ့တဲ့အကြောင်း ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။ မသိချင်ယောင်ဆောင်ကာ လျို့ဝှက်ထားပေမယ့် IU ရဲ့မောင်လေးနာမည်က Lee Jong Hoon ဖြစ်တာကြောင့် သိတဲ့သူတွေက မှတ်မိဖို့လွယ်ကူခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/c9/c9b940cc19ad98b3dadd59a06d8fc72d5d6b15db.png

ဒါပေမယ့်လည်း IU ရဲ့မောင်လေးက သူ့အစ်မကို မသိချင်ယောင်ဆောင်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။လူ ၄ ယောက် ၅ ယောက် ခန့်လောက်သာ IU ရဲ့မောင်လေး Lee Jong Hoon မှာ နာမည်ကြီးတဲ့ အဆိုတော် အစ်မရှိတယ်ဆိုတာ သိတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=628,h=826,q=100/60/60985d6da41aefc82cc912e93b43345fa01a7e0d.png

IU ရဲ့မောင်လေး ကိုယ်တိုင်ကလည်း အဆိုပါ လျို့ဝှက်ချက်ကို အချိန်အကြာကြီး ဖုန်းကွယ်ထားတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနာမည်ကြီး အဆိုတော် IU ရဲ့ လျို့ဝှက်ချက်လေး တစ်ခု အကြောင်းကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T