တောင်ကိုရီးယား နာမည်ကြီး အမျိုးသမီး K-pop အဖွဲ့ဖြစ်တဲ့ Blackpink ဟာ သူတို့ရဲ့ အေဂျင်စီနဲ့ စာချုပ်ချုပ်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ Blackpink ဟာ နာမည်ကြီး အေဂျင်စီဖြစ်တဲ့ YG Entertainment နဲ့ စာချုပ်သစ်ချုပ်ဖို့အတွက် မကြာသေးမီက ပြဿနာတစ်ချို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

YG နဲ့ Blackpink ဟာ အချိန်အတော်အကြာလက်တွဲလာခဲ့တာ ဖြစ်ပြီး အောင်မြင်မှုတွေ စံချိန်တွေများစွာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကလည်း Blackpink ကို YG နဲ့ ဆက်လက်လက်တွဲစေလိုနေခဲ့ကြတာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ပရိသတ်တွေက Blackpink ဟာ YG နဲ့စာချုပ်ချုပ်လိုက်ပြီလို့ ဆိုနေကြတာ ဖြစ်ပါတယ်။Blackpink အဖွဲ့ဝင် Jisoo ဟာ သူမရဲ့တစ်ကိုယ်တော် အယ်လ်ဘမ်အသစ်ကို ဒီနှစ်ထဲမှာ ထွက်ရှိမယ်လို့ ဆိုထားပါတယ်။ဒါပေမယ့် Blackpink ဟာ အခုအချိန်မှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ ဖျော်ဖြေနေတာကြောင့် Jisoo ရဲ့ အယ်လ်ဘမ်ဟာ စာချုပ်ချုပ်ပြီးချိန်မှ ထွက်လာမယ်လို့ ပရိသတ်တွေက ယုံကြည်ထားကြတာ ဖြစ်ပါတယ်။

ထို့အပြင် Blackpink အဖွဲ့ဝင် Lisa ဟာလည်း ဆိုးလ်မှာရှိတဲ့ ဝမ် (၇.၅) ဘီလီယံ တန်ဖိုးရှိတဲ့ အိမ်ကြီးကို ဝယ်ယူလိုက်တာကြောင့် ပရိသတ်တွေဟာ Lisa အနေနဲ့ ကိုရီးယားမှာရေရှည်နေထိုင်ပြီး YG နဲ့ ဆက်လက်လက်တွဲသွားမယ်လို့ အခိုင်အမာ ယုံကြည်နေကြပါတယ်။

ဒါ့အပြင် YG က Blackpink ဟာ The Black Label နဲ့ လက်တွဲမယ်ဆိုတဲ့ သတင်းတွေကိုလည်း ကောလဟာလလို့ ငြင်းဆိုထားတာပဲဖြစ်ပါတယ်။ထိုအချက်တွေကြောင့် ပရိသတ်တွေဟာ Blackpink အနေနဲ့ YG နဲ့ စာချုပ်ချုပ်ပြီးပေမယ့် ကြေညာမယ့်အချိန်ကို စောင့်နေတယ်လို့ ပရိသတ်တွေက ယုံကြည်နေကြတာဖြစ်ပါတယ်။

Photos:Credit
သတင်း အရင်းအမြစ်៖ Kbizoom