Squid Game သရုပ်ဆောင် O Yeong Su ဟာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုနဲ့ တရားစွဲခံထားရပြီး ဒီနေ့မှာတော့ ရုံးတင်စစ်ဆေးခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။သူဟာ ခရိုင်တရားရုံးရဲ့ Seongnam Branch မှာ ပထမဆုံးအကြိမ် ကြားနာစစ်ဆေးခြင်းကို ခံခဲ့ရပါတယ်။

O Yeong Su ဟာ (၂၀၁၇) ခုနှစ်မှာ အမျိုးသမီးတစ်ဦးရဲ့ခန္ဓာကိုယ်အား မဖွယ်မရာထိခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး (၂၀၂၁) မှာတော့ တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။ O Yeong Su အနေနဲ့ အမြဲတစေစွဲဆိုချက်တွေကို ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

O Yeong Su ဟာ တရားရုံးကို ခေါင်းငုံကာ လမ်းလျှောက်လာခဲ့ပြီး ဘာမှတ်ချက်မှမယ်မယ်ရရ မပေးခဲ့တာ ဖြစ်ပါတယ်။တရားရင်ဆိုင်ရာမှာ တရားလိုဘက်က သူမကို အတင်းပွေ့ဖက်ပြီး သူမ အိမ်ရဲ့ လျှို့ဝှက်ကုဒ်နံပါတ်ကို ရိုက်နေချိန်မှာ သူမရဲ့ညာဘက်ပါးကို နမ်းခဲ့တယ် လို့လည်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ထပ်မံပြီး O Yeong Su ဟာ သူမရဲ့ လက်ကိုပါကိုင်ခဲ့တယ် လို့ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် O Yeong Su ရဲ့ ရှေ့နေကတော့ O Yeong Su ဟာ တရားလိုနဲ့ အိမ်ကိုလမ်းလျှောက်ပြီး အိမ်ပြန်ခဲ့ပေမယ့် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုနဲ့ ဆိုင်တဲ့အရာ တစ်ခုမှမတွေ့ကြောင်း ပြောပြီး ငြင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။စစ်ဆေးမှုအပြီးမှာတော့ O Yeong Su ကလည်း သူတို့ဟာ လက်ကိုင်ထားခဲ့တာ မှန်ပေမယ့် လိင်ပိုင်းဆိုင်ရာ အဖြစ်အပျက်မျိုးမဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် ရွှေကမ္ဘာလုံးဆုရ O Yeong Su ဟာ အခုအချိန်မှာတော့ အခုလိုအမှုကိစ္စတွေကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတာ ဖြစ်ပါတယ်။

Photos: Credit
သတင်း အရင်းအမြစ်៖ Allkpop