အခုဖော်ပြမယ့် ကိုရီးယားမင်းသား၊ မင်းသမီးများဟာ K-dramas အများအပြားမှာ တူညီတဲ့အခန်းကဏ္ဍကနေ အမြဲပါဝင်နေလေ့ရှိပါတယ်။K-dramas များမှာ၊ လူတွေရဲ့မျက်စိထဲတန်းပြီး မြင်ယောင်လေ့ရှိတာဟာ ခေါင်းဆောင်မင်းသား၊ မင်းသမီးဖြစ်ခြင်းနဲ့ လုံး၀ မသက်ဆိုင်ပါဘူး။ အဲ့ဒီအစား၊ ဇာတ်ပို့၊ ဇာတ်ရံတွေဟာလည်း နာမည်ကြီးလာဖို့ အချိန်ရှိသေးပြီး အချို့ ဇာတ်ပို့ ကိုရီးယားသရုပ်ဆောင်များနဲ့ မင်းသား၊ မင်းသမီးများဟာ အဓိကဇာတ်ကောင်များထက်တောင်ပိုပြီး လူတွေမှတ်မိတာကိုခံထားရပါတယ်။ သူတို့ကတော့ ကိုရီးယားရဲ့ ပရိတ်သတ်တွေကြားမှာ ရေးပန်းစားပြီး ဇာတ်ဆောင်တွေထက်လူတွေပိုပြီး မှတ်မိနေကြသူတွေဖြစ်ပါတယ်။
1."မိခင်အဖြစ်အမြဲသရုပ်ဆောင်လေ့ရှိသူ" Kim Mi Kyung

ကိုရီးယား ဖန်သားပြင်သေးသေးလေးမှာ Kim Mi Kyung ဟာ ကြမ်းတမ်းခက်ထန်ပေမယ့် သားသမီးတွေကို အမြဲဂရုစိုက်တတ်တဲ့ နွေးထွေးတဲ့မိခင်အဖြစ် သရုပ်ဆောင်လေ့ရှိပါတယ်။ လက်ရှိမှာတော့ သူမဟာ "Forecasting: Love and Weather"၊ "The Heirs"၊ "It’s Ok To Not be ok"၊ "Hi, Bye, Mama!" အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာ မိခင်အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။
2."ဖခင်အဖြစ်သရုပ်ဆောင်လေ့ရှိသူ" Sung Dong Il

"အမျိုးသားမိခင်" နှင့်အတူ "အမျိုးသားဖခင်" Sung Dong Il တို့ဟာသူတို့ရဲ့ မိသားစုကိုချစ်ခြင်းမေတ္တာကို တိတ်တဆိတ်ပြသနေတဲ့ စိတ်ဆိုးနေတဲ့အဖေအဖြစ် အမြဲလိုလိုသရုပ်ဆောင်လေ့ရှိပါတယ်။ မင်းသားရဲ့ အထင်ရှားဆုံး အခန်းကဏ္ဍမှာ အမျိုးသမီး ဇာတ်ဆောင် Duk Sun ရဲ့ ဖခင်အဖြစ် “Reply 1988” မှာ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။
3."နောက်ကြောင်းပြန် မင်းသား" Nam Da Reum

ကလေးသရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့တဲ့ Nam Da Reum ဟာ အမျိုးသားဇာတ်ဆောင်များရဲ့ ငယ်ဘဝကို အမြဲသရုပ်ဆောင်ရလေ့ရှိပါတယ်။ ဥပမာအားဖြင့်၊ သူသည် “Boys Over Flowers” မှာ လူငယ် Ji Hoo နဲ့ “Pinocchio” တွင် လူငယ် Ha Myung အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။
4."အမျိုးသားသစ္စာဖောက်" Um Hyo Seob

Um Hyo Seob ဟာတော့ စခရင်ပေါ်မှာ ပုံစံနှစ်မျိုးနဲ သရုပ်ဆောင်ရလေ့ရှိပြီး ကြင်နာတတ်ပြီး နွေးထွေးတဲ့ ဖခင်တစ်ဦးအနေနဲ့ရော ယုံကြည်မှုကို သစ္စာဖောက်တတ်သူ အနေနဲ့ရောဖြစ်ပါတယ်။ မကြာသေးမီက မင်းသား Hae Ryong ဟာ "Tale of the Nine-tailed" မှာ CEO Hae Ryong အဖြစ် သရုပ်ဆောင်ခဲ့ပြီး "Youth of May" နှင့် "Extraordinary You" ဇာတ်လမ်းတွဲတွေမှာလည်း ဖခင်နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။





