စားစရာမရှိလို့ လမ်းဘေးအုတ်ကြားထဲက ရေကိုသောက်ခဲ့ရတယ်ဆိုတဲ့ The Glory မင်းသား Jung Sung Il

//s9.kh1.co/0f/0fbdadc277bda0dcb93e3d422b3c336334e5b5d7.jpg
အနုပညာရှင်များ

 ၀၂-ဖေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

ဦးရဲ့ ဘဝက တော်တော်ဆိုးခဲ့တာပဲနော် ..

The Glory  ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးပြီး အောင်မြင်မှုတွေရခဲ့တဲ့ တောင်ကိုရီးယားမင်းသား Jung Sung Il ဟာဆိုရင် You Quiz အစီအစဉ်မှာ သူ့ရဲ့ ကလေးဘဝတုန်းက ခက်ခဲမှုတွေအကြောင်းကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အဆိုပါ အစီအစဉ်ထဲမှာ Jung Sung Il က သူ့ရဲ့ကလေးဘဝတုန်းက ကံဆိုးမှုတွေအကြောင်းကို ပြောခဲ့ပြီး ပရိသတ်တွေကို မျက်ရည်ဝဲသွားစေခဲ့ပါတယ်။

Google
Google

Jung Sung Il က သူရဲ့မိခင်ကြီးက နေမကောင်းဖြစ်နေတဲ့သူဖြစ်ကြောင်း ၊ မိခင်ကြီးကို ဆေးကုသဖို့အတွက် သူတို့နဲ့အဝေးကြီးမှာ ဆေးရုံမှာထားပြီး ကုသခဲ့ရကြောင်း ၊ သူ့ရဲ့ ဖခင်ကြီးက လွတ်လွတ်လပ်လပ်နေထိုင်တတ်တဲ့သူဖြစ်တာကြောင့် အိမ်မှာ နေလေ့ နေထ မရှိကြောင်း ၊ အထက်ကျောင်း တတိယနှစ် အရွယ်မှာ မိခင်ကြီးကသက်သာလာပြီး အိမ်ကို ပြန်လာကြောင်း ၊ မိခင်ကြီးက သူ့ကို ကျောင်းတက်မယ်ဆိုရင် စာလုပ်ဖြစ်မှာမဟုတ်တာကြောင့်အနုပညာကျောင်းသာ တက်စေခဲ့ကြောင်း ၊ ဒါ ကြောင့် မင်းသား ဖြစ်လာခဲ့တာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Google
Google

Jung Sung Il က မိဘတွေ အိမ်မှာ မရှိချိန်မှာ သူ့ရဲ့ အစ်မကြီးက မိဘတစ်ယောက်လိုမျိုး ဖြစ်ပေးခဲ့ကြောင်း ၊ အဘွားရှိခဲ့ပေမယ့် အဘွားက ခန္ဓာကိုယ်လှုပ်ရှားဖို့တောင် ခက်ခဲခဲ့ရကြောင်း ၊ အဲဒီ အချိန်တုန်းက သူနဲ့အစ်မဖြစ်သူနဲ့က မူလတန်း ကျောင်းသား အရွယ်သာ ရှိသေးကြောင်း  ၊ ကျောင်းတက်ရင်း အဘွားကို ဂရုစိုက်ပေးခဲ့ကြောင်း ၊ အဘွားရဲ့ မစင်တွေနဲ့ သေးတွေကိုပါ စွန့်ဖို့အတွက် ကူညီပေးခဲ့ရကြောင်း ဆိုခဲ့ပါတယ်။ Jung Sung Il က အဘွားဖြစ်သူနဲ့ အစ်မဖြစ်သူတို့နဲ့အတူ အိမ်သေးသေးလေးမှာ နေခဲ့ရကြောင်း ၊ ၆ တန်းအရွယ်မှာ အဘွားဖြစ်သူက ဆုံးပါးသွားခဲ့ကြောင်း ၊ အစ်မ ဖြစ်သူက မိခင်ဖြစ်သူနဲ့ တွေ့ဖြစ်အောင် စောင့်ရှောက်ပေးခဲ့ရကြောင်း ၊ အစ်မ ဖြစ်သူ အိမ်ပြန်မရောက် လာခင်မှာ လူသွားစင်္ကြန်အတုံး ကြားခဲ့က ရေတွေကို သောက်ခဲ့ရကြောင်း ၊ ကျောက်တုံးကြားက ရေတွေသောက်ရဖို့ သဲတွေ အနည်ထိုင်သွားတဲ့အထိ စောင့်ခဲ့ရကြောင်း ၊ ဆာနေတဲ့ ဗိုက်ကို အဆိုပါအရည်တွေနဲ့သာ ဖြည်းဆည်းခဲ့ရကြောင်း ဆိုခဲ့ပါတယ်။  

Google
Google
Google
Google

The Glory   ဇာတ်လမ်းနဲ့  လျှမ်းလျှမ်းတောက် အောင်မြင်လျက်ရှိတဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး မင်းသား Jung Sung Il ရဲ့ ခက်ခဲလှတဲ့ ဘဝ အကြောင်းကို ပရိသတ်ကြီးအတွက် တစ်ဆင့် ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T