တောင်ကိုရီးယားမင်းသား Song Joong Ki ဟာဆိုရင် ဇန်နဝါရီလ ၃၀ ရက်နေ့က Katy Louise Saunders နဲ့အတူ ရင်သွေးလေး ရှိနေပြီဖြစ်ကြောင်းကိုတရားဝင် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။


Song Joong Ki က လက်ရှိတွဲနေတဲ့ ချစ်သူလေးနဲ့ တစ်အိုး တစ်အိမ်ထူထောင်တော့မှာ ဖြစ်ကြောင်း ၊ သူမနဲ့ပဲ တစ်ဘဝလုံး အတူတူ ဖြတ်သန်းသွားချင်ကြောင်း ၊ သူတို့နှစ်ယောက်စလုံး အဖိုးတန်တဲ့ ဘဝလေးကို ကြိုဆိုသွားမှာဖြစ်ကြောင်း ၊ လက်ထပ်စာချုပ်မှာ လက်မှတ်လည်း ထိုးပြီးသွားပြီဖြစ်ကြောင်း ၊ သူတို့ရဲ့ အိမ်ထောင်ရေးကို နက်ရှိုင်းလွန်းတဲ့ အချစ်တွေ ယုံကြည်မှုတွေနဲ့ အခြေတည်ပြီး တည်ဆောက်သွားမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မင်္ဂလာသတင်းကြေညာပြီးတဲ့နောက်မှာ Dispatch သတင်းဌာနဘက်ကနေ Katy Louise Saunders က သူမ မိခင်ကြီးနဲ့အတူ ကလေး မွေးဖို့ ပြင်ဆင်နေတဲ့ ဓာတ်ပုံတွေ ဝေမျှပေးလာခဲ့ပါတယ်။ Katy Louise Saunders က တောင်ကိုရီးယားမှာ ကလေး ဝတ်စုံလေးတွေကို မိခင်ကြီးနဲ့အတူ လိုက်ဝယ်နေတဲ့ ပုံရိပ်လေးတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေခဲ့ပါတယ်။ Song Joong Ki ကလည်း ဇာတ်လမ်းတွဲတွေနဲ့တောက်လျှောက် အချိန်ကုန်နေရပေမယ့် ကိုယ်ဝန်ဆောင် ဇနီးဖြစ်သူလေး ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းရဖို့ တက်နိုင်သမျှ ဖြည့်ဆည်းပေးနေတယ်လို့ ဆိုပါတယ်။



Song Joong Ki က ဇနီးအသစ်လေး ကိုယ်ဝန်ကို ဖေးဖေးမမ စောင့်ရှောက်ပေးဖို့ Katy ရဲ့ မိဘတွေကို တောင်ကိုရီးယားကို ခေါ်ပေးထားတယ်လို့ ဆိုပါတယ်။ Katy နဲ့ သူမရဲ့ မိသားစုက လက်ရှိမှာ ဘီလီယံ ၂၀ တန်ဖိုးရှိတဲ့ Itaewon က နေအိမ်မှာ ပြောင်းရွှေ့နေထိုင်နေကြပါတယ်။

Song Joong Ki နဲ့ ရတဲ့ ကလေးအတွက် မမွေးခင်ကတည်းက အင်္ကျီလေးတွေ ဝယ်နေပြီဖြစ်တဲ့ တောင်ကိုရီးယားမင်းသမီး Katy ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။





