ဘာကြောင့် The Black Label နဲ့ လက်တွဲဖို့ Park Bo Gum ဆုံးဖြတ်ခဲ့တာလဲ

//s9.kh1.co/0e/0efae5cdcdcef4dfbe20b3923ff88003bc4ec8eb.jpg
အနုပညာရှင်များ

 ၃၀-ဇန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

Park Bo Gum ဟာ မကြာသေးမီကပဲ The Black Label နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဘာလို့အခုလို အံ့အားသင့်ဖွယ်.....

ပရိသတ်တွေရဲ့ အချစ်တော် မင်းသား Park Bo Gum ဟာ မကြာသေးခင်က The Black Label နဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ထိုကဲ့သို့ မထင်ထားတဲ့ အေဂျင်စီနဲ့ စာချုပ်ထားခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ အံ့အားသင့်ခဲ့ပြီး ဘာကြောင့် The Black Label  နဲ့ စာချုပ်ချုပ်ခဲ့လဲ ဆိုတာ သိချင်နေခဲ့ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=926,q=100/0e/0ed230463fe018090b41d9264a7d44f5df6c01c8.jpg

The Black Label ဟာ YG နဲ့ တွဲဖက်အေဂျင်စီတစ်ခုဖြစ်ပြီး  Taeyang ၊ Zion.T နဲ့ Jeon Somi တို့လို နာမည်ကြီး အဆိုတော်များစွာ ရှိတဲ့နေရာဖြစ်တာကလည်း Park Bo Gum ကို ဆွဲဆောင်နိုင်ခဲ့တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/ac/acc84423afd04145f8f1fb054317be3734eac4b5.jpg

ဒါပေမယ့် ထိုအရာတွေထက် Park Bo Gum ဘာကြောင့် The Black Label နဲ့ စာချုပ်ချုပ်ခဲ့လဲ ဆိုတဲ့ တိကျတဲ့အကြောင်းအရင်းတစ်ချက် ရှိပါတယ်။ဒါကတော့ YG ရဲ့ အမှုဆောင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Sean နဲ့ ဆက်ဆံရေးကြောင့် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/79/791792223e2ef1f6846d6d875b6630a759553387.jpg

Park Bo Gum နဲ့  Sean တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပြီး ပရိသတ်တွေကလည်း Park Bo Gum အခုလို စာချုပ်ချုပ်ဆိုခဲ့တာဟာ Sean  ရဲ့ ပါဝင်ပက်သက်မှုတွေကြောင့်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။ Sean နဲ့ Park Bo Gum တို့ဟာ ဒီအတောအတွင်းမှာပဲ  မနက်စောစော မကြာခဏ အတူတူ ပြေးလွှားခဲ့ကြပြီး Park Bo Gum ဟာ Sean တက်ရောက်တဲ့ ဘုရားကျောင်းကို ပြောင်းရွှေ့ပြီး သူ့ရဲ့ဘာသာရေးကိုဆက်လက်လုပ်ဆောင်နေတယ် လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=552,h=419,q=100/93/937e112e9a936fac8087ded3890dfff42794e99e.jpg
https://s9.kh1.co/__image/w=650,h=392,q=100/01/01d72733f4393994c3dec7b54c26e38161bba187.jpg

Photos: Credit

သတင်း အရင်းအမြစ် Kbizoom

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T