တောင်ကိုရီးယားမင်းသား Song Joong Ki ဟာဆိုရင် လက်ရှိမှာ အိမ်ထောင်အသစ်ကို စတင်တည်ထောင်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီအကြောင်းအရာကို Song Joong Ki က သူ့ရဲ့ official fan café ကနေ ပရိသတ်တွေကို အသိပေးလိုက်တာ ဖြစ်ပါတယ်။

Song Joong Ki ဟာဆိုရင် သူ့ရဲ့ ချစ်ရသူလေးဖြစ်တဲ့ Katy Louise Saunders နဲ့ လက်ထပ်တော့မှာဖြစ်ကြောင်း ၊ အချိန်ကာလတွေအားလုံးကို သူမနဲ့ အတူ ဖြတ်သန်းပြီး မိသားစုလေးတစ်ခုကို ထူထောင်တော့မှာဖြစ်ကြောင်း ၊ ဘဝအသစ်လေးတစ်ခုလည်း သူတို့ဆီကို လာတော့မှာ ဖြစ်ကြောင်း အသိပေးခဲ့ပြီး ကိုယ်ဝန်ရှိလို့ လက်ထပ်တော့မှာ ဖြစ်တဲ့အကြောင်းကိုပါ အရိပ်အမြွတ် ပြောကြားခဲ့ပါတယ်။

Song Joong Ki တစ်ယောက် ချစ်သူနဲ့ အလျင်အမြန်လက်ထပ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ ကိုယ်ဝန်ရှိနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Song Joong Ki က မင်းသမီး Song Hye Kyo နဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ၂ နှစ်ကြာ လက်ထပ်ခဲ့ပြီးနောက်မှာ ကွာရှင်းခဲ့ပါတယ်။ တချို့ ပရိသတ်တွေကလည်း Song Joong Ki က ကလေး လိုချင်တဲ့သူဖြစ်ပြီး Song Hye Kyo က မမွေးပေးနိုင်တာကြောင့် ကွာရှင်းခဲ့ကြတာဖြစ်တယ်လို့ ပြောကြပါတယ်။ Song Joong Ki က နောက်အိမ်ထောင်ပြုဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ရတာလည်း Katy Louise Saunders ဆီမှာ Song Joong Ki နဲ့ ရတဲ့ ကလေးရှိနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Song Joong Ki က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကမှ ချစ်သူအသစ် Katy Louise Saunders နဲ့ တွဲနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာ အိမ်ထောင်တစ်ခု တည်ထောင်တော့မယ့် Song Joong Ki ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ် ။






