စံချိန်မပြည့်မှီလို့ဆိုပြီး ကိုရီးယားမှာ ပိတ်ခံထားရတဲ့ BlackPink သီချင်းများ…

//s9.kh1.co/2f/2ff54991102da749e6b587c938d371601526a4a0.jpg
အနုပညာရှင်များ

 ၃၀-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

BlackPink ရဲ့သီချင်းတော်တော်များများဟာ...

Blackpink အဖွဲ့ဟာဆိုရင်အမြဲတမ်းသစ်ဆန်းတဲ့ idea တွေနဲ့သီချင်းအသစ်တွေကို ဖန်တီးလေ့ရှိတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ BlackPink အဖွဲ့ဟာ ၂ နှစ်ကျော်ကြာရပ်ထားရကနေ comeback ဆိုပြီး Born Pink album နဲ့ဒီနှစ်ထဲပြန်လည်ထွက်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b9/b9a407bdeb19c19c1bcc8ed8733272f0d3b3d4e7.jpg

BlackPink ရဲ့သီချင်းတွေဟာ နိုင်ငံတကာမှာလူကြိုက်များ‌ပေမယ့် ကိုရီးယားမှာတော့ အဆင့်မမှီတဲ့သီချင်းတွေဖြစ်နေပါတယ်။ နိုင်ငံ‌ပိုင်ရုပ်သံ KBS ရဲ့ထုတ်ပြန်ချက်တွေအရ BlackPink ရဲ့သီချင်းတော်တော်များများဟာ ထုတ်လွှင့်ခွင့်ပိတ်ခံထားရတယ်လို့သိရပါတယ်။ ကိုရီးယားရဲ့တင်းကျပ်တဲ့ရုပ်သံစည်းမျဉ်းတွေအောက်မှာ BlackPink သီချင်းဟာအကြောင်းအမျိုးမျိုးနဲ့ ပိတ်ခံထားရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=413,q=100/1a/1a22304fa0856ad640b198867915818f11736cee.png

Boombaya, See you later နဲ့ Tally တို့လိုသီချင်းတွေမှာဆိုရင် မသင့်တော်တဲ့စကားလုံးတွေပါတဲ့ စာသားတွေ၊ ကျိန်ဆဲတဲ့စာသားဆွေပါဝင်နေတာကြောင့် ထုတ်လွှင့်ခွင့်မရခဲ့ပါဘူး။ အဲ့ဒီသီချင်းတွေမှာဆိုရင် Lisa နဲ့ Jennie တို့ရဲ့အပိုဒ်တွေမှာ "F*ck" ကဲ့သို့သောပြင်းထန်တဲ့ စကားတွေထိပါဝင်တယ်လို့ KBS ကဆိုပါတယ်။

https://s9.kh1.co/__image/w=620,h=620,q=100/70/70589d6c1d08444f8c68c8f9bbff5f15e7aee4bc.png

ဒါ့အပြင်နောက်ဆုံးထွက်သီချင်းနှစ်ပုဒ်ဖြစ်တဲ့ Pink Venom နဲ့ Shut Down ဟာဆိုရင်လည်း စာသားတွေထဲ brand နာမည်တွေပါဝင်နေပြီး စီးပွားရေးဆန်လွန်းတာကြောင့်လို့ဆိုကာ ထုတ်ဝေခွင့်မပြုခဲ့ပါဘူး။ ထုတ်ဝေခွင့်မရတဲ့သီချင်းတွေဟာဆိုရင် KBS ရဲ့အကြီးဆုံး Music Show ဖြစ်တဲ့ Music Bank မှာလဲပါဝင်ခွင့်မရရှိဘူးလို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/1f/1fcf78866928124b7cba89d33d9d0a11d19694bf.jpg

ရယ်စရာအကောင်းဆုံးအချက်ကတော့ KBS က Kill this love သီချင်းမှာ Rosè ရဲ့ကားပေါ်ရိုက်ထားတဲ့အပိုင်းမှာ ခါးပတ်မပါလို့ဆိုကာ ထုတ်‌လွှင့်ခွင့်ပိတ်ခဲ့တာပဲဖြစ်ပါတယ်။ အခုလို ကိုရီးယားရဲ့တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ KBS ရဲ့မသမာတဲ့လုပ်ရပ်တွေကို ရှုတ်ချတဲ့လူတွေလည်း အများကြီးရှိလာနေပါတယ်။

 Photos-credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T