ဆရာဝန်ဖြစ်လာတော့မယ့် ညီမအတွက် အစ်ကိုကြီးတစ်ယောက်ရဲ့ ပီတိကို ပြသခဲ့တဲ့ ဆောင်းဂျွန်ကီ

//s9.kh1.co/23/23ff4607231d0d4c0b6b38356b2a60f6267e86fe.jpeg
အနုပညာရှင်များ

 ၂၈-ဇန်-၂၀၂၃ ၁၀pm · လွန်ခဲ့သော တစ်နှစ် က

ဆရာဝန်ဖြစ်လာတော့မယ့် ညီမအတွက် အစ်ကိုကြီးတစ်ယောက်ရဲ့ ပီတိကို ပြသခဲ့တဲ့ ဆောင်းဂျွန်ကီ

တောင်ကိုရီးယားမင်းသား ဆောင်းဂျွန်ကီဟာဆိုရင် သူ့ရဲ့အငယ်ဆုံး ညီမလေး ဘွဲ့ယူတဲ့ အခမ်းအနားပွဲကိုကိုယ်တိုင် ကိုယ်ကျတက်ရောက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=769,q=100/32/32d893908fa5b27d5dcc38496dd9674e8cda1952.png

အငယ်ဆုံးညီမလေး ဘွဲ့ယူတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဆောင်းဂျွန်ကီရဲ့ ဓာတ်ပုံလေးတွေကို ဆောင်းဂျွန်ကီရဲ့ အစ်ကို ဖြစ်သူက သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်ကနေဝေမျှပေးခဲ့တာဖြစ်ပါတယ်။ကောင်မလေးက ဆောင်းဂျွန်ကီရဲ့ အငယ်ဆုံး ညီမလေးဖြစ်ပြီး လက်ရှိမှာ ဆရာဝန်တစ်ယောက် ဖြစ်လာတော့မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=610,h=606,q=100/1e/1ed0909632640cce4b170caae37749e958693d70.png

ဆောင်းဂျွန်ကီရဲ့ ညီမလေးက ဆိုးလ် အမျိုးသား တက္ကသိုလ်ကနေ ဘွဲ့ရသွားခဲ့ပြီဖြစ်ပေမယ့် ကလေးလေးတစ်ယောက်လိုမျိုး အရမ်းချစ်ဖို့ကောင်းပါတယ်။ ဓာတ်ပုံလေးထဲမှာ ဆောင်းဂျွန်ကီက ညီမ လေးဖြစ်သူရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဂုဏ်ယူစွာနဲ့ တက်ရောက်နေတဲ့ ပုံရိပ်ကို တွေ့ရပါတယ် ။

https://s9.kh1.co/__image/w=650,h=392,q=100/ec/ecf982791e7030fb73c27f447a819ada9a28ccb1.png

ဆောင်းဂျွန်ကီက အဖြူရောင် ဦးထုပ် ဆောင်းထားပြီး ပန်းစည်းလေးကိုလည်းကိုင်ထားပါတယ်။ ညီမဖြစ်သူအတွက် ဂုဏ်ယူတဲ့ အပြုံးလေး ပြုံးနေတဲ့ ဆောင်းဂျွန်ကီရဲ့ ပုံရိပ်ဟာ အချိန်ခဏအတွင်းမှာပဲ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=1159,q=100/b5/b57060e76647d87d2d0530f5be1672891cc40c93.png

ဆောင်းဂျွန်ကီက Sungkyunkwan တက္ကသိုလ်ကနေစီးပွားရေးဘွဲ့ ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ ညီမလေးက ဆိုလ်း တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/a6/a65756c6d298b36e02d0bce56777d7c85e2285bf.png

လက်ရှိမှာဆိုရင် ဆောင်းဂျွန်ကီက JTBC ရဲ့ ဒရမ်မာအသစ်ဖြစ်တဲ့ The Youngest Son of a Conglomerate မှာပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T