ကြည်လင်တဲ့အသားအရေလေးနဲ့ ချောမောလှပတဲ့ မင်းသမီးချောလေး Mew Nittha ကတော့ ချစ်စရာကောင်းပြီး ဇာတ်လမ်းတွဲပဲဖြစ်ဖြစ်ဇာတ်ကားပဲဖြစ်ဖြစ် အမြဲလိုလို ရေပန်းစားနေတဲ့ အရည်အချင်းပြည့်မီတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။


2020 မှာ သူမက လက်တွဲဖော်အဖြစ် သန်းကြွယ်သူဌေးနဲ့ မင်္ဂလာပွဲကျင်းပခဲ့ပြီး အခုအချိန်မှာတော့ သမီးလေးတစ်ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ မိသာစုလေးရပြီးတဲ့နောက်မှာ Mew က အနုပညာအလုပ်တွေနဲ့ ဝေးကွာသွားပြီး ဇာတ်ကားအသစ်တွေလဲ ရိုက်ကူးမှု မရှိတော့ပါဘူး။


ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ Mew က ကြော်ငြာလေးတွေ လက်ခံရိုက်ကူးတဲ့အပြင် နာမည်ကြီးBrand တွေအတွက် model တစ်ယောက်အနေနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းဆိုလည်း မမှားပါဘူးနော်။ Mew ကိုလက်ရှိမှာတော့ Drama Project တွေမှာ မတွေ့ရသေးပေမယ့် photo model အနေနဲ့သာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။


Photo Crd & source: Mwe Nittha's IG Acc