တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပဲ ဖြစ်တယ်ဆိုတာသက်သေပြခဲ့တဲ့သူဖြစ်ပါတယ်။ Song Hye Kyo က သူမကိုယ်သူမ အသက်အရွယ်ကြီးရင့်နေပြီဆိုတာကိုလက်ခံတဲ့သူဖြစ်ပြီး ဘဝကြီးကိုလည်း ယုံကြည်ချက်အပြည့်နဲ့ ရှင်သန်နေထိုင်နေတဲ့သူဖြစ်ပါတယ်။

Song Hye Kyo လိုပဲ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပဲဖြစ်ကြောင်း သက်သေပြခဲ့တဲ့ နောက်ထပ်မင်းသမီးကြီးတစ်ယောက်လည်း ရှိပါသေးတယ်။ သူမကတော့ Lee Hyo Ri ပဲဖြစ်ပါတယ်။ Lee Hyo Ri ကအသက် ၂၀ ကျော်အရွယ်ကတည်းက sexy star အဖြစ် ရပ်တည်ခဲ့တဲ့သူဖြစ်ပြီး အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

Lee Hyo Ri က မိတ်ကပ် အပြင်အဆင် သိပ်မရှိတဲ့ မင်းသမီးဖြစ်တာကြောင့် အရေးအကြောင်းတွေနဲ့တောင်တော်တော်ကြည့်လို့ကောင်းတဲ့သူဖြစ်ပါတယ်။ သဘာဝဆန်တဲ့ အလှအပတရားနဲ့ ကြည့်လို့ကောင်းလွန်းတဲ့ Lee Hyo Ri ကို ပရိသတ်တွေက လက်ရှိအချိန်အထိလည်း အားပေးနေကြဆဲ ဖြစ်ပါတယ်။

ဒါကြောင့် တောင်ကိုရီးယားက ပရိသတ်တွေက Song Hye Kyo နဲ့ Lee Hyo Ri တို့ကို ဘယ်တော့မှအသက် အရွယ်အားဖြင့် ကြီးမလာကြတော့တဲ့ သူတွေလို့ သတ်မှတ်ထားကြပါတယ်။


Song Hye Kyo က လက်ရှိမှာ ၄၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး Lee Hyo Ri က ၄၅ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။