ထိုင်းအနုပညာရှင်တွေထဲက နာမည်ကြီးစုံတွဲလေးဖြစ်တဲ့ မင်းသား Nadech နဲ့ မင်းသမီး Ya Ya တို့ကတော့ လူသိရှင်ကြားတွဲခဲ့ကြပြီး အခုဆိုရင်တွဲလာတာ ၁၁ နှစ်ကျော်ရှိပြီပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ တည်ဆောက်ခဲ့ကြတာဖြစ်ပြီး နှစ်ပတ်လည်နေ့မှာလည်း Ro မန်တစ်ဆန်ဆန်ကျင်းပလေ့ရှိကြပါတယ်။


အခုတစ်ခါ ၁၁ နှစ်ပြည့် နှစ်ပတ်လည်နေ့လေးမှာ Nadech က Yaya ကို ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတဲ့ လက်ဆောင်လေးကို ပေးခဲ့ပါတယ်။ Yaya က အင်တာဗျုးမှာ “YaYa ဝတ်ပြပြီး IG မှာ တင်ထားတဲ့ စိန်ဘယက်လည်ဆွဲက Nadech ဆီက Anniversary မှာ လက်ဆောင်ရတဲ့တာပါ။ ကျွန်မကြိုက်လို့တောင်းတာမျိုးမဟုတ်ဘဲ သူကိုယ်တိုင် Surprise လုပ်ပြီးပေးခဲ့တာပါ။


ကျွန်မက ရေခဲမုန့်လေးတွေ မြင်းလေးတွေ အဲ့လိုသေးသေးမွှားမွှားလေးတွေဆို ကြိုက်တယ်။ အဲ့ဒါလေးတွေကို Nadech က ကိုယ်တိုင် ဒီဇိုင်းဆွဲပေးပြီး အော်ဒါတင်ပေးခဲ့တာပါ။ သူကိုယ်တိုင်ဒီဇိုင်းဆွဲပေးထားတာဆိုတော့ ဒီလိုဆွဲကြိုးမျိုး နောက်ထပ်တစ်ခုဆိုတာ ရှိမလာနိုင်တော့ပါဘူး” လို့ သူ့ချစ်သူလေးက သူ့ကို အရမ်းချစ်ကြောင်း ဂုဏ်ယူစွာနဲ့ ပြောခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ DARADAILY.COM