တောင်ကိုရီးယားမင်းသား Song Joong Ki ဟာဆိုရင် အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့မှာသူ့ကို သိတဲ့သူ ရှိမရှိကို Vlog လေးရိုက်ပြီး လိုက်လံစုံစမ်းခဲ့ပါတယ်။

Song Joong Ki က အဆိုပါ ဗီဒီယိုကို ရိုက်သင့်မရိုက်သင့် သေချာလေး စဉ်းစားခဲ့ပြီးမှ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ Song Joong Ki က နယူးယောက်မြို့ကို အကြိမ် ၅၀ မြောက် International Emmy Awards ဆုပေးပွဲအတွက် ရောက်ရှိနေတာဖြစ်ပြီး နယူးယောက်မှာ သူ့ကို သိတဲ့သူ ရှိမရှိပါစုံစမ်းခဲ့တာဖြစ်ပါတယ်။ Song Joong Ki က သူတွေ့ခဲ့တဲ့နိုင်ငံခြားသားက သူ့ကို Vincenzo ဇာတ်လမ်းထဲမှာ မြင်ဖူးခဲ့တယ်လို့ လာပြောတဲ့အခါမှာ များစွာအံ့ဩခဲ့တယ်လို့ ဆိုပါတယ်။

Song Joong Ki က Sunkyunkwan Scandal ဇာတ်ကား ရိုက်ကူးနေရင်း နယူးယောက်မြို့ထဲမှာသူ့ရဲ့အမေဖြစ်သူ ၊ညီဖြစ်သူတို့နဲ့အတူ လည်ပတ်နေတာဖြစ်ပါတယ်။ Song Joong Ki နဲ့ တစ်ချိန်လုံး အတူရှိပေးနေတဲ့သူကတော့ သူ့ရဲ့ မိသားစုဝင်တွေပဲဖြစ်တယ်လို့ သိရပါတယ်။


Song Joong Ki က Times Square ကို သွားရောက်ခဲ့ပြီး သူ့ကို သိတဲ့သူရှိမရှိ စုံစမ်းခဲ့တဲ့အခါမှာလည်း လူတိုင်းကမှတ်မိနေတာကြောင့် ရှက်တောင် ရှက်မိတယ်လို့ ဆိုပါတယ်။



Song Joong Ki က နယူးယောက်မြို့မှာလည်း ရင်းနှီးဖော်ရွေဖို့ကောင်းတဲ့ သူ့ရဲ့ ပုံစံကို ပြသခဲ့ပြီး ပရိသတ်တွေအားလုံးရဲ့ နှလုံးသားကို သိမ်းကြုံးရယူနိုင်ခဲ့ပါတယ်။