တောင်ကိုရီးယားမင်းသား Lee Jung Jin ဟာဆိုရင် တစ်ခါတုန်းက တက္ကသိုလ်လို့ အမည်ရတဲ့ Love Story in Harvard လို့ခေါ်တဲ့ ဇာတ်လမ်းနဲ့ ပရိသတ်တွေကြားမှာ လူသိများ ထင်ရှားခဲ့တဲ့သူဖြစ်ပါတယ်။

Lee Jung Jin က ရည်းစားဖြစ်သူနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ခက်ခဲပင်ပန်းတဲ့ ဘဝကို ရင်ဆိုင်ခဲ့ရပြီး ရွှေရောင်သန်းတဲ့ နေ့ရက်တွေကို ဆုံးရှုံးခဲ့ရပါတယ်။ မင်းသား Lee Jung Jin ချစ်သူနဲ့ လမ်းခွဲခဲ့ရတဲ့ ဖြစ်ရပ် ဟာဆိုရင်လည်း ကံဆိုးစွာနဲ့ပဲ တောင်ကိုရီးယားမင်းသမီး Kim Tae Hee နဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။

Lee Jung Jin ရဲ့ အဆိုအရ Love Story in Harvard ဇာတ်လမ်းတွဲ မပြီးခင်မှာပဲ Lee Jung Jin က ဇာတ်ကားရိုက်ကူးရေးအတွက် အမေရိကားကို သွားခဲ့ရတယ်လို့သိရပါတယ်။ Lee Jung Jin က ချစ်သူနဲ့ အတော်ကြာခွဲနေခဲ့ပြီး လအနည်းငယ်အကြာပြီးနောက် ကိုရီးယား ပြန်ရောက်ရောက်ချင်း ကိုရီးယားက မိဘတွေဆီကို ချစ်သူလေးနဲ့သွားတွေ့ခဲ့ပါတယ်။

အဲဒီအချိန်မှာ Kim Tae Hee မင်းသား Lee Jung Jin ဆီကို ပို့လိုက်တဲ့ စာလေးကို ချစ်သူ ကောင်မလေးက အမှတ််မထင် တွေ့မြင်ခဲ့တယ်လို့ သိရပါတယ်။

စာထဲမှာ Kim Tae Hee က Lee Jung Jin ကို “အိုပါးရေ ဒီရုပ်ရှင်ကားလေးကို အိုပါးနဲ့ အတူတူ ရိုက်ခွင့်ရလို့ အရမ်း ဂုဏ်ယူမိပါတယ်။ အခုကစပြီးညီမလေးကို ပျော်အောင် ၊ စိတ်ချမ်းသာအောင်ထားပေးပါနော်။” ဆိုပြီး ရေးထားပါတယ်။ အဆိုပါ စာကို Kim Tae Hee က Lee Jung Jin တစ်ယောက်တည်းကို မဟုတ်ဘဲ Kim Rae Won ဆီကိုလည်း ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မင်းသားLee Jung Jin ရဲ့ ကောင်မလေးက Lee Jung Jin ကို စိတ်နာသွားပြီး ချက်ချင်း လမ်းခွဲခဲ့တယ်လို့ သိရပါတယ်။ချစ်သူကောင်မလေးနဲ့ လမ်းခွဲပြီးနောက်မှာလည်း Lee Jung Jin က နောက်ထပ်ရည်းစားတစ်ယောက်မှ မထားခဲ့ပါဘူး။

အဆိုပါ အချိန်ကစပြီး မင်းသား Lee Jung Jin ရဲ့ အချစ််ရေးက ဖရိုဖရဲ ဖြစ်ခဲ့ပြီး လက်ရှိအချိန် အသက် ၄၅ နှစ်အရွယ် အထိ လူပျိကြီး အဖြစ် တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။
