One Direction အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို လှိုင်းထနေတဲ့ ဆံပင်အကောက်လေးနဲ့ ပရိသတ်တွေ အထူးသဖြင့် အမျိုးသမီးဣတ္ထိယတို့ရဲ့ အချစ်တော် ဖြစ်နေတဲ့ အနုပညာရှင်ကတော့ အားလုံးကချစ်ကြတဲ့ Harry Styles ပါပဲ။

Harry Styles ဟာ သူဖန်တီးတဲ့ အနုပညာတိုင်းကို အချစ်အပြည့်နဲ့ဖန်တီးတတ်ရုံသာမက LGBTQ အသိုင်းအဝိုင်းကိုလည်း ချစ်ခင်အားပေးသူတစ်ယောက်ဖြစ်ပါတယ်။ LGBTQ အတွက် အားပေးတဲ့ ဖက်ရှင်ဒီဇိုင်းတွေကိုလည်း ဝတ်ဆင်လေ့ရှိတဲ့ Harry ကတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။

Harry Styles ဟာ အနုပညာနဲ့ပတ်သက်လာရင် အင်မတန်စိတ်အားထက်သန်တဲ့အပြင် သူ့ရဲ့ဖျော်ဖြေမှုတိုင်းကိုလည်း အားမာန်အပြည့်နဲ့လုပ်ဆောင်လေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ အခုအခါမှာလည်း သူဟာ စင်ပေါ်မှာဖျော်ဖြေမှုတစ်ခုလုပ်ဆောင်နေစဉ် အားမာန်အပြည့်နဲ့ဖျော်ဖြေမှုကြောင့် ဘောင်းဘီကွဲသွားခဲ့တယ်လို့သိရပါတယ်။ သူ့ဘောင်းဘီကွဲသွားတဲ့အထိကို သူက လုံးဝမရှက်ဘဲ ဆက်လက်ဖျော်ဖြေနေခဲ့သေးတာပါ။


