ဇန်နဝါရီလ 25 ရက်နေ့က Jennie ရဲ့ Instagram မှာ တင်ထားခဲ့တဲ့ ကိတ်မုန့်က ဝမ် 250,000 ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ခုကို ကိုရီးယား Instiz မှာ ထုတ်ဝေခဲ့ပါတယ်။ လူတော်တော်များများကလည်း Jennie ရဲ့ မွေးနေ့ကိတ်ဆိုပြီး စိတ်ဝင်စားနေကြပါတယ်။

Jennie ရဲ့ Instagram မှာ တင်ထားတဲ့ ဓာတ်ပုံတွေကို အင်တာနက်သုံးစွဲသူတွေက ဘယ်လောက်တန်ဖိုးရှိမလဲဆိုပြီး ဈေးနှုန်းတွေ တွက်ကြည့်ခဲ့ကြပါတယ်။ အထူးသဖြင့် Jennie ရဲ့ Instagram မှာ မြင်တွေ့ရတဲ့ မြင်ကွင်းနဲ့ အစားအသောက်တွေကြ ကိုရီးယားမှာရှိတဲ့ နာမည်ကြီး Hotel တစ်ခုမှာရှိတဲ့ ဂျပန်စတိုင် စားသောက်ဆိုင် Ariake မှာဖြစ်တယ်လို့ ဆိုကြပါတယ်။ Ariake တွင် လူတစ်ယောက်ကို ဝမ် 160,000 (129 USD) ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းကြပြီး Jennie ရဲ့ ဟင်းလျာတွေကို ကြည့်လိုက်ရင် ဒီထက်ပိုပြီး တန်ဖိုးများနိုင်တယ်လို့ ဆိုပါတယ်။

နှင်းဆီပွင့်လေးလို ရွှေရောင်လေးနဲ့ အလှဆင်ထားတဲ့ ကိတ်မုန့်က ဝမ် ၂၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင်) လောက် တန်ဖိုးရှိကြောင်း သိရပါတယ်။


Jennie က မိသားစုဝင်တွေ သူငယ်ချင်းတွေဆီကနေ တန်ဖိုးရှိတဲ့ လက်ဆောင်တွေ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် သူမရဲ့ အမေဆီကနေလည်း နှင်းဆီပန်း အပြာရောင်ကို လက်ခံရရှိခဲ့ပြီး သူမကို ambassador ခန့်ထားတဲ့ Chanel ဆီကနေလည်း လက်ခံရရှိခဲ့ပါတယ်။

Jennie ရဲ့ မွေးနေ့ပွဲရဲ့ စျေးနှုန်းကို မြင်လိုက်ရတော့ အင်တာနက်သုံးစွဲသူတော်တော်များများက “ကိတ်မုန့်တစ်လုံးက တန်ဖိုးက များလိုက်တာ …”၊ “အရာရာက အရမ်းကိုဈေးကြီးတယ်”၊ “ဘယ်လိုတောင် တန်ဖိုးတွေကြီးနေရတာလဲ” အစရှိတဲ့ Comment တွေ ရေးခဲ့ကြပါတယ်။

သတင်း အရင်းအမြစ်៖ KBIZoom