တောင်ကိုရီးယားမင်းသမီး Kang So Ra ဟာဆိုရင် Can We Be Strangers? ဇာတ်လမ်းထဲမှာ ညံ့လွန်းပြီးပရိသတ်တွေ စိတ်ကျေနပ်မှု မရခဲ့တဲ့ သရုပ်ဆောင်ချက် ပြုလုပ်ခဲ့လို့ ဝေဖန်ခံနေရပါတယ်။ အဆိုပါ ဇာတ်လမ်းထဲမှာ Kang So Ra က ကွာရှင်းထားတဲ့ အိမ်ထောင်ကွဲ အမျိုးသမီး အနေနဲ့ သရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။

Can We Be Strangers? က Kang So Ra အတွက် သမီးလေး မွေးဖွားပြီးတဲ့နောက်မှာ ပထမဦးဆုံးအကြိမ် ပြန်ပြီးပွဲဦးထွက်လာခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Kang So Ra အတွက်လည်း စိန်ခေါ်မှုတွေ အများကြီး ရှိသလိုပွဲဦးထွက်ကာလထက်ပိုပြီး စိတ်လှုပ်ရှားမိတယ်လို့ ပြောခဲ့ဖူးပါတယ်။


ဇာတ်လမ်းထဲမှာ မင်းသမီး Kang So Ra ရဲ့ မျက်နှာသွင်ပြင်နဲ့ သရုပ်ဆောင်ချက်တွေက တည်ငြိမ်ပေမယ့် ပရိသတ်တွေရဲ့ အာရုံကို ဖမ်းမစားနိုင်ခဲ့ပါဘူး။ Kang So Ra က အရင်ကထက်ပိုပြီး တည်ငြိမ်ရင့်ကျက်လာတဲ့ပုံပေါ်ပေမယ့်သူ့ရဲ့ စွမ်းအားအပြည့်နဲ့ တည်ငြိမ်ရင့်ကျက်နေတဲ့ ပုံစံကို မမြင်ရပါဘူး။ ပရိသတ်တွေဟာဆိုရင်လည်း ဇာတ်လမ်းထဲမှာ Kang So Ra ရဲ့ ထိမိလှတဲ့ သရုပ်ဆောင်ချက်တွေကို မမြင်တွေ့ရဘူးလို့ ဆိုကြပါတယ်။


Kang So Ra ကအနုပညာလမ်းမထက်ပေါ်ရောက်နေတာ ၁၅ နှစ်ရှိနေပြီဖြစ်တဲ့ ဝါရင့်မင်းသမီးတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်က သူမအတွက် စိုးရိမ်ဖို့ အကောင်ဆုံး အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
