တေးသီချင်းကောင်းများကို အသံပါဝါကောင်းကောင်းနဲ့ ပီပြင်ပိုင်နိုင်စွာသီဆိုဖန်တီးနိုင်သူ၊ သီချင်းတွေကို ပရိသတ်ရင်ထဲရောက်အောင်ပို့ပေးနိုင်သူ ၊ ပရိသတ်အချစ်တော်အနုပညာကတော့ အားလုံးကချစ်ကြတဲ့ အဆိုတော် နီနီခင်ဇော်ပါပဲ။


နီနီခင်ဇော် ဟာ သီချင်းချစ်သူ ပီပီ ပရိသတ်တွေ နားသောတပန်ဆင်နိုင်ဖို့ တေးသီချင်းတွေကို အမြဲမပြတ် ဖန်တီးနေသူတစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် ဒီကြားထဲမှာ အနုပညာလှုပ်ရှားမှုတွေကို သူမဟာ ခပ်ကျဲကျဲသာပြုလုပ်နေခဲ့ပါတယ်။


အနုပညာတွေကို ခပ်ကျဲကျဲပြုလုပ်နေခဲ့ပြီး ပြန်ပေါ်လာတဲ့အခါမှာတော့ သူမ ဟာ လက်ထပ်တော့မယ်ဆိုတဲ့သတင်းနဲ့ပရိသတ်ထံ သတင်းပါးလာခဲ့ပါပြီ။ သူမ ကို ချစ်မြတ်နိုးပြီးတန်ဖိုးထားတဲ့ ချစ်သူအမျိုးသားရဲ့ လက်ထပ်ခွင့်တောင်းခံမှုကို လက်ခံလိုက်ပြီဆိုတဲ့ ပုံလေးကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြလာခဲ့ပြီး ပရိသတ်ကတော့ သူမ ရဲ့ အမျိုးသားလောင်းကို အင်မတန်စိတ်ဝင်စားနေကြပါပြီ။


