နာမည်ကျော် Spider Man သရုပ်ဆောင်အဖြစ် လူသိများတဲ့ မင်းသားကြီး Tobey Maguire ဟာ ပရိသတ်တွေကို စိတ်ကျေနပ်စေမယ့် စကားတစ်ခွန်း လက်ဆောင်ပါးခဲ့ပါတယ်။Tobey Maguire ဟာ Spider Man ကို လူသိစေခဲ့တဲ့ သူလို့ပြောလို့ရပြီး ပရိသတ်တွေဟာ အခုအချိန်အထိသူ့ကို Spider Man အဖြစ်မြင်နေဆဲအထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ (၂၈) ရက်နေ့မှာထွက်ရှိမယ့် Spider-Man No Way Home: The Official Movie Special စာအုပ်ဟာ No Way Home သရုပ်ဆောင်တွေရဲ့အင်တာဗျူးတွေနဲ့ ရိုက်ကူးရေးနောက်ကွယ်ကအကြောင်းအရာတွေကို ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။ ထိုစာအုပ်ရဲ့ Tobey Maguire နဲ့ interview မှာတော့သူဟာလိုအပ်ရင် Spider-Man အဖြစ်အချိန်မရွေးသရုပ်ဆောင်အဖြစ် ပြန်လာနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Tobey Maguire က "ပထမဆုံးအကြိမ်သူတို့ ကျွန်တော့်ကို ဆက်သွယ်လာတော့ နောက်ဆုံးတော့ငါ့ဆီရောက်လာခဲ့ပြီပေါ့ ဆိုပီးပျော်ခဲ့ရပြီး ဖုန်းဆက်လာတာနဲ့ တွေဝေမနေပဲ သဘောတူခဲ့ပါတယ်။ ဘယ်လိုကြုံရမလဲ ဘယ်လိုသရုပ်ဆောင်ရမလဲ လို့တောင်မစဉ်းစားခဲ့ပါဘူး ‘ လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး Tobey က `` Marvel ရုပ်ရှင်တွေရော series တွေအကုန်လုံးကို သဘောကျနှစ်သက်ပါတယ်။ နောက်တစ်ခါသူတို့က Tobey ရေ တစ်ညလောက်ဖြစ်ဖြစ် Spider-Man ပြန်လုပ်ပေးပါ၊ Scene တစ်ခုလောက်ပြန်ပါပေးပါဆိုရင်တောင် ကျွန်တော်ပြန်လာမှာပါ။ ဘာ့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်က Spider-Man အရမ်းလုပ်ချင်နေတာကိုး" လို့ ဖြေဆိုပြီး ပရိသတ်တွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်ခဲ့ပါတယ်။

Photos: Credit





