ယခုအချိန်အထိ ထိုင်း Channel 3 မင်းသမီး Nadech Kugimiyas နဲ့ မင်းသမီး Yaya Urassayas တို့ ဟာ ချစ်သူသက်တမ်း 11 နှစ်ကျော်ရှိနေပြီဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ပရိသတ်တွေက စောင့်မျှော် ကြည့်ရှုနေကြတာပါ။


Facebook နဲ့ အင်စတာဂရမ်တွေမှာ အမြဲလိုလို ချစ်စရာကောင်းနေတဲ့ စုံတွဲလေးဖြစ်တဲ့ Nadech နဲ့ Yaya တို့ဟာ တစ်ယောက်ကိုတစ်ယောက် (၁၁) နှစ်ကြာ ချစ်ခဲ့ကြတဲ့ ချစ်သူစုံတွဲတွေဖြစ်ခဲ့ကြပေမယ့် သူတို့နှစ်ယောက်ကြားမှာ အချစ်ရေးနဲ့ ပတ်သက်ပြီး အရှုပ်အရှင်းတွေ မရှိခဲ့ကြပါဘူး။


နှစ်သစ်ကူးနေ့မှာ သူတို့စုံတွဲဟာ ဆွစ်ဇာလန်ကို ခရီးထွက်ခဲ့ကြပြီး စိတ်လွတ်လပ်လွတ်နားခဲ့ရင်း ပျော်ရွှင်စရာအချိန်လေးတွေကို ဖန်တီးခဲ့ကြပါတယ်။ ဒါ့အပြင် ပရိသတ်တွေအတွက်လည်း သူတို့နှစ်ယောက်ရဲ့ ကြည်နူးစရာ အခိုက်အတန့်တွေကို မျှဝေခဲ့ကြပါတယ်။ လတ်တလောမှာတော့ သူတို့နှစ်ဦးဟာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး သူတို့ရဲ့ အိမ်ထောင်ရေးအကြောင်းကို အင်တာဗျူးတစ်ခုမှာ ပါဝင်ဖြေဆိုခဲ့ပါတယ်။


Yaya က “ဒီနှစ်သစ်ခရီးက အရမ်းပျော်ဖို့ကောင်းတယ်။ လက်ရှိမှာလဲ အိမ်ထောင်ပြုဖို့က မရည်ရွယ်ရသေးသလို မဖြစ်နိုင်သေးတဲ့အတွက် ဒီခရီးစဉ်ဟာ အပန်းဖြေဖို့ပဲ သက်သက်ပါပဲ။ ချစ်သူဘဝနဲ့ပဲ နေဖို့စိတ်ကူးရှိသေးပြီး အိမ်ထောင်မပြုသေးတာကြောင့် စိတ်မပျက်ဘဲ အားလုံးစိတ်ရှည်ရှည်နဲ့ စောင့်ပေးကြပါလို့” ပြောခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Popular.com