ဘောလိဝုဒ်ရုပ်ရှင် လောကကို ထပ်မံကယ်တင်ခဲ့ပြန်တဲ့ မင်းသားကြီး ရှာရွတ်ခမ်း

//s9.kh1.co/b1/b1bb73188bb0146464282ffd876df3f2381a5bbd.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ပရိသတ်တွေဟာ ဘောလိဝုဒ်ရုပ်ရှင်လောကကို မှေးမှိန်နေပြီလို့ ပြောဆိုခဲ့ကြပေမယ့် ရှာရွတ်ခမ်းကတော့ ထိုပြောဆိုမှုတွေကို......

King Of Bollywood လို့တင်စားခြင်းခံရတဲ့ မင်းသားကြီး ရှာရွတ်ခမ်းဟာ အခုအချိန်မှာလည်း ဘောလိဝုဒ်ရုပ်ရှင်လောကကို ထပ်မံကယ်တင်ခဲ့ပါတယ်။အိန္ဒိယရဲ့ ကြေးအကြီးဆုံးမင်းသားဖြစ်တဲ့ ရှာရွတ်ခမ်းဟာ ဘောလိဝုဒ်ရုပ်ရှင်လောက ဟာ မှေးမှိန်လာပြီဆိုတဲ့ စကားတွေအားလုံးကို တိတ်ဆိတ်စေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/d2/d201b902aff989772697cc0b43418af3f159a514.jpg

အကြောင်းမှာ ရှာရွတ်ခမ်းရဲ့ ဇာတ်ကားအသစ်ဖြစ်တဲ့ Pathaan ရုပ်ရှင်ဟာ အောင်မြင်မှုကြီးကြီးမားမား ရရှိနေပြီဖြစ်ပြီး ရုံတင်ငွေအိန္ဒိယရူပီး ကုဋေတစ်ရာကျော်ရရှိနေတာကြောင့် ဖြစ်ပါတယ်။ ဇန်နဝါရီ (၂၅) ရက်နေ့ကမှ စတင်ပြသခဲ့တဲ့ ရှာရွတ်ခမ်းရဲ့ အက်ရှင်ဇာတ်ကားဖြစ်တဲ့ Pathaan ဟာ ရုံတင်ရက်ဒုတိယမြောက်နေ့မှာတင်ပဲ ရုံတင်ငွေစုစုပေါင်း အိန္ဒိယရူပီး (၁၀၇.၅) ကုဋေ အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/6f/6f381bcfe1e250ec5950304749ba26b881f04d7a.jpg

Pathaan ဟာအိန္ဒိယနိုင်ငံရဲ့ရုပ်ရှင်ရုံပေါင်းငါးထောင်ကျော်နဲ့ ပြည်ပရုပ်ရှင်ရုံပေါင်းနှစ်ထောင်ကျော်မှာရုံတင်ပြသနေတာဖြစ်ပြီး ပြည်ပရုံတင်ငွေအားဖြင့် ကန်ဒေါ်လာသန်းနှစ်ဆယ်အထိရရှိနိုင်တယ်လို့လည်း  သုံးသပ်မှုတွေရှိနေကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/6d/6d0a0359ff12f860d951d371550f3180e432fca9.jpg

Pathaan ဟာ ( ၂၀၂၃) အတွက် အကောင်းဆုံး Bollywood ရုပ်ရှင်အဖြစ်ရပ်တည်နေပြီး War နဲ့ KGF Chapter (2) တိုရဲ့စံချိန်ကိုပါရိုက်ချိုးခဲ့တာ ဖြစ်ပါတယ်။ဒါ့ကြောင့်ရှာရွတ်ခမ်းဟာ ဘောလိဝုဒ်ရုပ်ရှင်လောကကို အကောင်းဆုံး ပြန်လည်ကယ်တင်ခဲ့ပြီး သူဟာ အခုအချိန်အထိ ဘုရင်တစ်ပါးဖြစ်နေဆဲ ဖြစ်ကြောင်း အကောင်းဆုံးသက်သေပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d2/d213e723b6101b77b45d679068eadf4052d3a9fb.jpg

Photos: Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T