ဒရမ်မာအသစ်မှာ အတူပါဝင်သွားဖို့ရှိတဲ့ Park Go Eum နဲ့ Go Youn Jung

//s9.kh1.co/5f/5f0a43d7914b1857f1500ed7f9088b58573e6277.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

Park Bo Gum နဲ့ Go Youn Jung တို့ဟာ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့်.....

တောင်ကိုရီးယားနိုင်ငံရဲ့  နာမည်ကျေ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Park Bo Gum နဲ့ Go Youn Jung တို့ကို ပရိသတ်တွေက ဒရမ်မာအသစ်မှာ အတူပါဝင်ဖို့တောင်းဆိုနေကြတယ်လို့ သိရပါတယ်။သူတို့နှစ်ယောက် သရုပ်ဆောင်ဖူးတဲ့ တေးဂီတဗွီဒီယို ပြန်လည်ထွက်ပေါ်  ပြီးနောက်ပိုင်း အခုလိုတောင်းဆိုမှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a0/a025532c8042f9be6a28534c999b408932c40e61.jpg

Park Bo Gum ဟာ အောင်မြင်တဲ့ သရုပ်ဆောင်အဖြစ်အချိန်ကြာမြင့်စွာ ထိန်းထားနိုင်တဲ့သူဖြစ်ပြီး သူ့ရဲ့ ဇာတ်လမ်းတွဲတွေဟာ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့ပါတယ်။Go Youn Jung  ဆိုရင်လည်း မကြာသေးမီက ထွက်ရှိခဲ့တဲ့ Alchemy Of Souls: Light And Shadow  မှာ ပရိသတ်တွေရဲ့ အကြိုက်တွေ့ခဲ့တာကြောင့် အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက် အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=557,h=842,q=100/3d/3d7b9bb91b193978227cd93244c7eca8cdeba929.jpg
https://s9.kh1.co/__image/w=563,h=702,q=100/d2/d283123085347430a75670ef6a7e96327c42ee1a.jpg

Park Bo Gum နဲ့ Go Youn Jung တို့ဟာ  “I Will Give You All” ဆိုတဲ့ ဝါရင့်အဆိုတော် Lee Seung Chul ရဲ့ (၂၀၂၀) မှာထွက်ခဲ့တဲ့ တေးဂီတဗီဒီယိုမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ပရိသတ်တွေသဘောကျနှစ်သက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ သူတို့နှစ်ယောက်ဟာ တကယ့်ချစ်သူတွေလို အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=872,q=100/84/8465961d0a2fc0a93b860c4809b71f53ef073c88.jpg

ဒါ့ကြောင့် ပရိသတ်တွေဟာ သူတို့နှစ်ယောက်ကို ဇာတ်ကားအတူတွဲရိုက်စေချင်ကြပြီး ပရိသတ်တွေတောင်းဆိုသလို ဖြစ်လာဖို့လည်း များနေတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=549,q=100/a6/a6c9534fc6613295a8bcbae217ec033e36ebf3c9.jpg

Photos: Credit

သတင်း အရင်းအမြစ် Koreaboo

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T