တောင်ကိုရီးယားနာမည်ကြီးမင်းသား ဖြစ်တဲ့ လီမင်ဟိုဟာ သူ့ရဲ့ ငယ်စဉ်ကပုံလေးနဲ့ ရိုက်ကူးရေးလုပ်ခဲ့ပါတယ်။လီမင်ဟိုဟာ နာမည်ကြီး Luxury Brand ဖြစ်တဲ့ `` HUGO BOSS “ ရဲ့ Brand Ambassador ဖြစ်ပြီး မကြားသေးခင်က BOSS အတွက် ရိုက်ကူးရေးလုပ်ခဲ့ပါတယ်။

လီမင်ဟိုရိုက်ကူးထားတဲ့ ဗွီဒီယိုနဲ့ ဓာတ်ပုံအချို့ကို တင်ခဲ့ပြီး ထို ဗွီဒီယိုမှာ လီမင်ဟိုဟာ သူ့ရဲ့ငယ်စဥ်က ပုံလေးကိုထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။လီမင်ဟိုဟာ ထိုပုံထဲမှာ အသက်(၃) နှစ်နဲ့ (၅) လသားသာရှိသေးတာ ဖြစ်ပြီး အခုလို အသက် (၃၅) နှစ်နဲ့ ယှဥ်ပြခဲ့တာ ဖြစ်ပါတယ်။

ငယ်ငယ်တုန်းကလည်း ကလေးအလျောက် ချစ်ဖို့အရမ်းကောင်းသလို အသက်ကြီးတော့လည်း ရင့်ကျက်တဲ့ လူကြီးတစ်ယောက်လို ချောမောနေတဲ့ လီမင်ဟိုရဲ့ ပုံလေးတွေ တွေ့လိုက်ရတဲ့ အချိန်မှာ ပရိသတ်တွေဟာ သဘောကျနှစ်သက်ခဲ့ကြပြီး သူတို့အားပေးတဲ့ မင်းသားရဲ့ ငယ်ဘဝကို အခုလို မြင်ခဲ့ရတဲ့အတွက်လည်း ဝမ်းသာနေခဲ့ကြပါတယ်။

ထို့အပြင် BOSS ကတင်ထားတဲ့ Post မှာ လီမင်ဟိုဟာ ` Who? ' လို့ စနောက်ကာ ဝင်မန့်ခဲ့ပြီး BOSS ကလည်း ` မင်းမဟုတ်လား၊မကြာခင်တွေ့ရမယ် ' လို့ပြန်ပြောခဲ့ပြီး ပရိသတ်တွေကလည်း သတိထားမိခဲ့ကြပါတယ်။



Photos: Credit





