ဂင်းနစ်ကမ္ဘာ့စံချိန် 3 ခုကို တစ်ဦးတည်းရရှိပြီး စံချိန်ချိုးပြလိုက်တဲ့ Lisa…

//s9.kh1.co/34/34005c74e7323fb2adcfc012f67f6f1316777f23.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

24 နာရီအတွင်း YouTube ပေါ်မှာလူပေါင်း 73 သန်း ..

BlackPink အဖွဲ့ဝင် Lisa ဟာဆိုရင်တရားဝင်အနေနဲ့ ဂင်းနစ်စံချိန် ၃ ခုကိုချိုးဖျက်ပြီး ရရှိခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့က ဂင်းနစ်မှတ်တမ်းအဖွဲ့ကနေ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ Lisa ဟာ solo artist တစ်ယောက်အနေနဲ့ စံချိန် ၃ ခုကိုထပ်မံချိုးနိုင်ခဲ့ပြီး စုစုပေါင်း ဂင်းနစ်စံချိန် ၃ ခုကိုရရှိခဲ့တယ် လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/47/471d9e604e11daa642e860eb13c596eb7b075cf8.jpg

စက်တင်ဘာ ၂၁ ရက်နေ့က Lisa ဟာသူ့ရဲ့တစ်ကိုယ်တော်ပွဲဦးထွက်ကို “LALISA” album နဲ့စတင်ခဲ့ပြီး သူရဲ့ “LALISA” album ဟာဆိုရင် ၂၄ နာရီအတွင်း YouTube ပေါ်မှာလူပေါင်း 73 သန်း 6 သိန်းရဲ့ ကြည့်ရှုမှုကို စံချိန်တင်ရရှိခဲ့ပါတယ်။ သူ့ရဲ့ ဂင်းနစ်စံချိန်တွေထဲကတစ်ခုကတော့ 2022 MTV Video Music Awards (VMAs) မှာ ဆုရရှိတဲ့ပထမဆုံး solo kpop အဆိုတော်အနေနဲ့ဖြစ်ပြီး နောက်တစ်ခုကတော့ 2022 MTV Europe Music Awards (EMAs) မှာဆုရရှိတဲ့ ပထမဆုံး kpop အဆိုတော်ဖြစ်တာကြောင့် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=437,q=100/b4/b44893bd82cacc36f5420f969395b1d9f1dd3f0f.webp

Lisa ရရှိတဲ့ နောက်ဆုံးစံချိန်တစ်ခုက‌တော့ Instagram ပေါ်မှာ followers အများဆုံး Kpop artist အနေနဲ့ဖြစ်ပြီး အခု ဇန်နဝါရီလ ၂၆ ရက်နေ့မှာ နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ Lisa ရဲ့ followes အရေအတွက်ဟာ 87 သန်းရှိပြီး တစ်ကမ္ဘာလုံးက 38 ယောက်မြောက် followers အများဆုံး account လည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/2b/2bd8afe2aa3c3fdb5f44d8c7990677c574d5d82d.webp

မကြာသေးမီကတော့ BlackPink ဟာ ဂင်းနစ်စံချိန် ၃ ခုကိုရရှိခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ BlackPink တွေရဲ့အောင်မြင်မှုဟာ တစ်စထက်တစ်စ ကြီးထွားလာနေပေမယ့် တစ်ဖက်မှာ YG နဲ့ BlackPink အဖွဲ့တို့ကြားက စာချုုပ်သက်တမ်းဟာ မကြာခင်မှာကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သက်တမ်းတို့ဖို့ ညှိနှိုင်းနေရဆဲဖြစ်ပါတယ်။ ဒါ့အပြင် Lisa ရဲ့ထူးခြားတဲ့ အောင်မြင်မှုတွေကို သဘောကျနေတဲ့ လူတွေအများကြီးရှိနေသလို BlackPink ကနေပြောင်းဖို့ ငွေကြေးအမြောက်အများပုံအောပြီး လာရောက်ကမ်းလှမ်းသူတွေလည်း ရှိနေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/5c/5c84b91f7f070e78741065cb4499f45d60851191.jpg

ပရိသတ်တွေကတော့ ဂင်းနစ်စံချိန်တွေအတွက် Lisa ကို ဂုဏ်ယူနေကြပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T