သူနဲ့ရုပ်ချင်းတူလွန်းလှတဲ့သားနဲ့သမီးလေးကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသား Jo Hyun-jae

//s9.kh1.co/ff/ff31cc767e14079558d4d5c786e6c90d03b63024.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

ကလေးတွေကို အမြဲ တကောက်ကောက် ခေါ်သွားတာနော် ..

တောင်ကိုရီးယားမင်းသား Jo Hyun-jae ဟာဆိုရင် Guardian အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းကျမှ သရုပ်ဆောင်ပိုင်းကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။ Jo Hyun-jae က ၂၀၀၃ ခုနှစ်မှာ Love Letter လို့ခေါ်တဲ့ ဇာတ်လမ်းနဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကိုလည်း တခဲနက်ရရှိခဲ့ပါတယ်။

Google
Google
Google
Google

မင်းသား Jo Hyun-jae က ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တုန်းက အနုပညာလောကထဲက မဟုတ်တဲ့ ဂေါက်ကစားသမားနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက တွဲပြီး ၃ နှစ်အကြာမှာ လက်ထပ်ခဲ့တာဖြစ်ပြီး ပထမဦးဆုံးသားဦးလေးကို ၂၀၁၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယမြောက်သမီးလေးကိုတော့ ၂၀၂၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ မင်းသား Jo Hyun-jae က လက်ရှိမှာ အသက် ၄၂ နှစ် အရွယ်ရှိနေပြီ ဖြစ်ပြီး ချစ်စရာ သားသားမီးမီးလေးတွေနဲ့အတူ လှပတဲ့ အိမ်ထောင်လေးကို ထူထောင်ထားတာဖြစ်ပါတယ်။

Google
Google

Jo Hyun-jae က သားလေးမွေးခါစတုန်းကလည်း သားလေးတွေ သမီးလေးတွေရဲ့ ပုံရိပ်လေးကို အမြဲလိုလို ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ Jo Hyun-jae က ဖခင်ကောင်းပီသလွန်းတဲ့သူဖြစ်ပြီး ဘယ်သွားသွား သားသမီးလေးတွေကို ခေါ်သွားလေ့ရှိတဲ့သူဖြစ်ပါတယ်။

Instagram
Instagram
Instagram
Instagram

Jo Hyun-jae ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း သူနဲ့ ရုပ်ချင်းတူလွန်းတဲ့ သားသားမီးမီးလေးတွေရဲ့ ပုံရိပ်လေးကို အမြဲလိုလိုတွေ့ရပါတယ်။

Instagram
Instagram
Instagram
Instagram

ကလေးတွေကို တုန်နေအောင်ချစ်ပြီး ကလေးတွေအတွက်ဆို အမြဲ အဆင်သင့်ရှိပေးနေတဲ့ ခန့်ခန့်ချောချော ဖေဖေ အဖြစ်လည်း တောင်ကိုရီးယားမင်းသား Jo Hyun-jae အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T