မမျှော်လင့်ထားတဲ့ ရောဂါဆိုးကြီးခံစားနေရတဲ့ မင်းသား Chae Jong Hyeop

//s9.kh1.co/d2/d2ae957b3bd265c984d0554ff693d4fb9afe894e.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

မမျှော်လင့်ထားတဲ့ ရောဂါဆိုးကြီးခံစားနေရတဲ့ တောင်ကိုရီးယားမင်းသား Chae Jong Hyeop

Nevertheless ဇာတ်လမ်းနဲ့ ပရိသတ်တွေကြား လူသိများလာခဲ့တဲ့ တောင်ကိုရီးယားမင်းသား Chae Jong Hyeop ဟာဆိုရင် စစ်မှုထမ်းဆောင်ခွင့်မရခဲ့ဘဲ စစ်မှုထမ်းကာလကနေ ကင်းလွတ်ခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=572,q=100/82/82015d4da5fd1cd200698c6ab8d11f1faa8e7bce.png

Chae Jong Hyeop က အတက်ရောဂါကြောင့် စစ်မှုထမ်း ကာလကနေ ကင်းလွတ်ခွင့် ရရှိခဲ့တာဖြစ်ပြီး အသက် ၂၀ အရွယ်ကတည်းက အတက်ရောဂါကို စတင်ခံစားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။Chae Jong Hyeop က အဆိုပါအကြောင်း အရာကို Sport Chosun နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/00/00522a2bcf666f26405b9ccd3ed07c1c738e56b5.png

Chae Jong Hyeop က တောင်ဖရိကကို ရိုက်ကူးရေးသွားလုပ်ခဲ့စဉ်တုန်းကလည်း အတက်ရောဂါကြောင့် မူးမေ့လဲသွားခဲ့တာကြောင့် အရေးပေါ် ဆေးရုံကို အချိန်မီ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ Chae Jong Hyeop က လက်ရှိမှာ အချိန်မှာ ကုသမှုကို အပြည့်အဝ ခံယူလျက်ရှိပြီး ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးဖြစ်တာကြောင့် အရမ်း ကြီး မစိုးရိမ်ကြဖို့ ပရိသတ်တွေကို တောင်းဆိုထားကြပါတယ်။

https://s9.kh1.co/__image/w=640,h=800,q=100/ab/ab573aa35ad4e65283a9289b9c3747988a09f767.png

Chae Jong Hyeop ကို ပရိသတ်တွေက 'Nevertheless' ဇာတ်လမ်းတွဲနဲ့ အာလူးလေးလို့ လူသိများခဲ့ကြတာဖြစ်ပါတယ်။ Chae Jong Hyeop က ၂၀၁၈ ခုနှစ်တုန်းက စစ်တပ်ထဲဝင်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် ကျန်းမာရေးကြောင့် စစ်မှုထမ်းဆောင်ခွင့် ငြင်းဆန်ခံခဲ့ရတာလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=413,q=100/9a/9a9f666a8802c25deec46901c6481d190716f544.png

Chae Jong Hyeop က လက်ရှိမှာ အသက် ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အတက်ရောဂါကို အရှင်းပျောက်ကင်းအောင် ကြိုးစား ကုသလျက်ရှိပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T