တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် The Glory ဇာတ်လမ်းမှာ ပရိသတ်တွေကို အံ့အားသင့်သွားအောင် သရုပ်ဆောင်ပြနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့ အွန်လိုင်းပေါ်မှာ Song Hye Kyo နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ ပြန့်နှံ့လာခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာတွေထဲမှာ Song Hye Kyo ကို Anna ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားတာတွေကိုပါ တွေ့ရှိခဲ့ ရပါတယ်။

၂၀၁၉ ခုနှစ်မှာ Song Hye Kyo က Anna ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းချက် ရရှိခဲ့တယ်လို့ သိရပါတယ်။ အကုန်လုံးပြင်ဆင်ပြီးသွားတဲ့အချိန်မှ ရင်းနှီးမြုပ်နှံမှုဆိုင်ရာပြဿနာကြောင့် Song Hye Kyo ဘက်က ပါဝင်သရုပ်ဆောင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

Anna ဇာတ်လမ်းတွဲကို တောင်ကိုရီးယားနာမည်ကျော်မင်းသမီး Suzy နဲ့ ရိုက်ကူးခဲ့ပြီး အပိုင်းအနေနဲ့ ၆ ပိုင်း ပါဝင်ခဲ့ပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး Netizen တွေက Song Hye Kyo ကို Anna အဖြစ်နဲ့ မြင်ဖူးချင်ပေမယ့် Suzy က Anna ဇာတ်ကောင်နဲ့ အလိုက်ဖက်ဆုံးသူဖြစ်ကြောင်း ၊ သူတို့နှစ်ဦးစလုံးက Anna ဇာတ်ကောင်နဲ့လိုက်ဖက်ကြကြောင်း ၊ Suzy က Anna ဇာတ်လမ်းထဲမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ကြောင်း စတဲ့ မှတ်ချက်တွေ ပေးထားကြပါတယ်။



Song Hye Kyo က Anna ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ဖို့ကို ငြင်းဆိုခဲ့ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလ ၃၀ ရက်နေ့တုန်းက The Glory ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Song Hye Kyo ငြင်းပယ်ခဲ့တဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယား နာမည်ကြီး မင်းသမီး Suzy ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
