အမေရိကားမှာ မိန်းမနဲ့ကလေးရှိနေတယ်ဆိုတဲ့ ကောလာဟလကို ဖြေရှင်းခဲ့တဲ့ Kim Jong Kook

//s9.kh1.co/20/202c4b3d282dba8f56e60d7f158ecd1ecb2789fc.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

အမေရိကားမှားမိန်းမနဲ့ကလေးရှိနေတယ်ဆိုတဲ့ ကောလာဟလကို ဖြေရှင်းခဲ့တဲ့ Kim Jong Kook

Running Man အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်သလို တောင်ကိုရီးယားအဆိုတော် ၊ သရုပ်ဆောင် လည်းဖြစ်တဲ့ Kim Jong Kook ဟာဆိုရင် Problem Child in House အစီအစဉ်မှာ အရင်တုန်းက ထွက်ရှိခဲ့ဖူးတဲ့ ကောလာဟလ အကြောင်း ပြောဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/3e/3ee8ec30356071aa0d8640a501a52e207d8ae01a.png

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး Cha Tae Hyun က Kim Jong Kook ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ Cha Tae Hyun က Kim Jong Kook ကို အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး လောစ့်အိမ်ဂျယ်လိစ့်မှာ ဇနီးနဲ့ ကလေး ရှိနေတယ်ဆိုတဲ့ အကြောင်းလေးကို ပြောပြပါဦးလို့ မေးမြန်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/7d/7dd2a7f77ff3c669923ba0076537bb1e708dc08e.png

အဆိုပါ အကြောင်းအရာကို Kim Jong Kook က လော့စ်အိမ်ဂျလိစ့်ကို မိခင်ကြီးနဲ့အတူတူသွားခဲ့တာဖြစ်ကြောင်း ၊ အမေနဲ့အတူ သွားတာဖြစ်လို့ သူ့အမေမှာလည်း ဇနီးရှိနိုင်တာပေါ့ဆိုပြီး အရွှန်းဖောက်ပြီး ပြောခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/5f/5f4a8f6e2c14ff3173f5fc56025f8556ecb84f29.png

Cha Tae Hyun က Kim Jong Kook တစ်ယောက် လော့စ်အိမ်ဂျလိစ့်ကို ခဏခဏ သွားတာဖြစ်လို့ ကလေးဖြစ်သူကို သွားကြည့်နေတာလားလို့လည်း ဟာသနှောပြီး မေးခဲ့ပါသေးတယ်။Kim Jong Kook က အခုပြောခဲ့တဲ့ အကြောင်းအရာတွေအားလုံးက ဟာသတစ်ခုသာဖြစ်ကြောင်း ၊ ဟာသတွေဖြစ်ပေမယ့်လည်း တကယ်တမ်းယုံကြည်နေတဲ့ သူတွေ ရှိနေကြောင်း ပြန်လည် ဖြေရှင်းပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/18/18e604bba5b2c1f395363345f94799b8d294d64b.png

သူငယ်ချင်းတွေအားလုံးနဲ့ အတူတကွရှိနေတဲ့အချိန်မှာ အမေရိကားမှားမိန်းမနဲ့ကလေးရှိနေတယ်ဆိုတဲ့ ကောလဟာလကို ဖြေရှင်းခဲ့တဲ့ Kim Jong Kook အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T