သားသားမီးမီးတွေမပါပဲ နှစ်ယောက်သား ပျော်စရာအချိန်လေးတွေကို ဖြတ်သန်းနေတဲ့ Kwan Sang Woo တို့ ဇနီးမောင်နှံ

//s9.kh1.co/b6/b666ba5508678ba4003a0eaa8ff56b1eb7799db7.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

Kwan Sang Woo နဲ့ Son Tae Young တို့ဟာ အိမ်ထောင်သက်အားဖြင့် (၁၆) နှစ်ခန့်ရှိနေပေမယ့်.....

တောင်ကိုရီးယားနိုင်ငံနဲ့ နာမည်ကြီးမင်းသားနဲ့ မင်းသမီးဖြစ်တဲ့ Kwan Sang Woo နဲ့ Son Tae Young တို့ဟာ ပရိသတ်တွေ အားကျကြတဲ့ စုံတွဲလေး အဖြစ်အချိန်အတော်ကြာ ရပ်တည်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။သူတို့ဟာ အချိန်တွေသာပြောင်းလဲသွားပေမယ့် တစ်ဦးပေါ်တစ်ဦးထားတဲ့ ချစ်ခြင်းမေတ္တာကတော့ အရင်အတိုင်းအမြဲရှိနေဆဲပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/41/4191a5c08e7d034ba48f4b90801b0f0b97cd9df7.jpg

Kwan Sang Woo နဲ့ Son Tae Young တို့ဟာ (၂၀၀၈) ခုနှစ်က လက်ထပ်ခဲ့ပြီး အခုဆို အိမ်ထောင်သက်တမ်း (၁၆) နှစ်ထဲရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ သားသမီးနှစ်ယောက်ထွန်းကားထားပြီး Kwon Rookhee လို့ခေါ်တဲ့ သားလေးနဲ့ Kwon Riho လို့ခေါ်တဲ့ သမီးလေးရှိတာ ဖြစ်ပါတယ်။သားဦးလေးဆို အသက် (၁၄) နှစ်တောင်ရှိနေပြီ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=520,q=100/74/7406a5308ef4a80abd1ab360e291629a8e5b65a1.jpg

မကြာသေးမီက သူတို့နှစ်ယောက်ဟာ သားနဲ့သမီးမပါပဲ နှစ်ယောက်တည်း Coffee Date ခဲ့ပြီး လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ဒါကိုတွေ့ခဲ့ရတဲ့ ပရိသတ်တွေဟာ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတွေကို ထပ်မံမြင်တွေ့ခဲ့ရလို့ အလွန်ပီတိဖြစ်နေခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=609,q=100/fa/fa3e99dcb8d50aa424cf911b3303d30277c9f705.jpg
https://s9.kh1.co/__image/w=650,h=609,q=100/5c/5c42daa3b90a1f6a7d1d126850f574a267c29d27.jpg
https://s9.kh1.co/__image/w=650,h=609,q=100/18/18e23602dcfe25e5cea3ce823d4ff1298847b78f.jpg

 Photos: Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T