ဂျူမုံဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ တောင်ကီုရီးယားမင်းသမီး Han Hye Jin ဟာဆိုရင် ချစ်ရတဲ့ ခင်ပွန်းဖြစ်သူနဲ့ ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို ထူထောင်ထားတဲ့သူဖြစ်ပါတယ်။ Han Hye Jin က ၂၀၀၅ ခုနှစ်မှာ အောင်မြင်ကျော်ကြားတဲ့သူအဖြစ် ရပ်တည်ခဲ့ပြီး အောင်မြင်မှုတွေကို အဆက်မပျက် ထိန်းနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။

မင်းသမီး Han Hye Jin က ၂၀၁၃ ခုနှစ်မှာ တောင်ကိုရီးယား အလယ်တန်းဘောလုံးကစားသမား Ki Sung-Yeung နဲ့ တွဲခဲ့ပြီး ၂ လကြာတဲ့အချိန်မှာ စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်တဲ့အကြောင်းကို ကြေညာခဲ့ပါတယ်။ သူတို့ နှစ်ဦးက ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လတုန်းက Intercontinental ဟိုတယ်မှာ လက်ထပ်ခဲ့ကြပြီး သမီးလေးတစ်ယောက်ကို ၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

Han Hye Jin ရဲ့ သမီးလေးက လက်ရှိမှာ ၈ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဖေဖေ မေမေတို့ရဲ့ အိမ်ထောင်သက်ကလည်း ၁၀ နှစ်ကျော်ကြာသွားခဲ့ပြီပဲဖြစ်ပါတယ်။ အိမ်ထောင်သက် အချိန်ကြာလာတာနဲ့အမျှ Han Hye Jin နဲ့ ဘောလုံးသမားတို့ရဲ့ မျက်နှာတွေက တဖြည်းဖြည်း ဆင်လာကြပါတယ်။

သူတို့နှစ်ဦးက အရမ်းချစ်ဖို့ကောင်းပြီး ရုပ်ချင်းကလည်း အရမ်းတူနေကြတာကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးကို အများကြီး အချစ်ပိုနေကြပါတယ်။


အိမ်ထောင်သက် ကြာလာတာနဲ့အမျှ အများကြီး ချစ်ဖို့ကောင်းလာကြတဲ့ တောင်ကိုရီးယား မင်းသမီး Han Hye Jin နဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ ဘောလုံးသမား Ki Sung-Yeung တို့ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
