အမေရိကန်အဆိုတော် Justin Bieber ရဲ့ ပရိသတ်တွေဟာ မကြာသေးမီကထွက်ပေါ်ခဲ့တဲ့ သတင်းတစ်ခုကြောင့် အံ့ဩခဲ့ရပါတယ်။Justin Bieber ဟာ သူ့သီချင်းတွေအကုန်လုံးရဲ့ မူပိုင်ခွင့်တွေကို အကြောင်းပြချက်မရှိပဲ ရောင်းချလိုက်တာကြောင့် ပရိသတ်တွေအနေနဲ့ အခုလိုအံ့ဩခဲ့ကြတာ ဖြစ်ပါတယ်။

Justin Bieber ဟာ အောင်မြင်မှုများစွာ ရရှိထားတဲ့ အဆိုတော်ဖြစ်တဲ့အလျောက် သူ့ရဲ့ သီချင်းတွေဟာ ပရိသတ်တွေအကြိုက်များတဲ့ သီချင်းတွေဖြစ်ကြပါတယ်။သူဟာ အသက်ငယ်ငယ်နဲ့ ပွဲဦးထွက်ခဲ့ပြီး ပွဲဦးထွက်ချိန်မှစပြီး အခုအချိန်အထိ သီချင်းကောင်းများစွာ သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ သူဟာ သူ့သီချင်းတွေရဲ့ မူပိုင်ခွင့်အကုန်လုံးကို သန်း (၂၀၀) နဲ့ရောင်းချခဲ့ပြီး Hipgnosis ကုမ္ပဏီက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ Justin Bieber ရဲ့မူပိုင်ခွင့်ရောင်းချမှုဟာ ဒီ generation မှာဆိုရင် တန်ဖိုးအမြင့်ဆုံးအဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရပါတယ်။

အခုလိုရောင်းချလိုက်တာကြောင့် “Justin Bieber” ဟာ သူ့သီချင်းတွေအားလုံးရဲ့မူပိုင်ခွင့်ဆုံးရှုံးသွားပြီး show ပွဲတွေမှာလည်း “Hipgnosis” ရဲ့ခွင့်ပြုချက်မပါပဲ အရင်လို ကိုယ်ဆိုချင်တဲ့သီချင်းတွေကို လွတ်လွတ်လပ်လပ် ဆိုလို့ရတော့မှာ မဟုတ်ပဲ သူ့ရဲ့သီချင်းတွေကို ဘယ်လိုအကြောင်းပြချက်နဲ့အသုံးပြုချင်ချင် “Hipgnosis” ကုမ္ပဏီကို ခွင့်တောင်းပြီးမှ သီဆိုခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။

Photos:Credit
သတင်း အရင်းအမြစ်៖ Google