Lee Min Ho ရဲ့စံချိန်ကို အပြတ်အသတ်ချိုးဖျက်နိုင်ခဲ့တဲ့ Cha Eun Woo...

//s9.kh1.co/ef/efe0e0502bd23f3072e25ca82ac2b29841ffe94e.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၃ ၄pm · လွန်ခဲ့သော ၂ နှစ် က

သရုပ်ဆောင်တွေကြား followers အများဆုံးရှိတဲ့သူ...

မင်းသား Cha Eun Woo ဟာ Lee Min Ho ရဲ့စံချိန်တစ်ခုကို ချိုးဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မကြာသေးမီကရရှိခဲ့တဲ့ တရားဝင် အချက်အလက်တွေအရ Cha Eun Woo ဟာ Instagram ပေါ်မှာ Lee Min Ho ရဲ့ followers အရေအတွက်ထက် တစ်သန်းကျော် ပိုများသွားခဲ့ပြီး ကိုရီးယားရဲ့ သရုပ်ဆောင်တွေကြား followers အများဆုံးရှိတဲ့သူဖြစ်လာပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/e3/e39a082b031de94af34581ef73cca98a77162f33.jpeg

စာရင်းဇယားတွေအရတော့ Cha Eun Woo ရဲ့ followers အရေအတွက်ဟာ 32 သန်း 4 သိန်း 7 သောင်းကျော်နဲ့ နံပါတ်တစ်နေရာမှာရှိနေခဲ့ပြီး Lee Min Ho ကတော့ 31 သန်း 7 သိန်း 9 ထောင်ကျော်နဲ့ ဒုတိယနေရာကို ရောက်ရှိသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/b7/b79c8ed9f267aabe3eb2e8f1f7187aabb61099c9.jpg
https://s9.kh1.co/__image/w=650,h=225,q=100/b9/b9e51a9033e57212fd6c54a82bb481341e589358.png

Cha Eun Woo ဟာဆိုရင်တော့ သူ့ရဲ့အပြစ်ကင်းစင်ပြီး ချောမောတဲ့ရုပ်ရည်ကြောင့် နာမည်ကြီးကာ "Gangnam Beauty" "True beauty" စတဲ့ဒရမ်မာတွေကနေ စတင်လူသိများလာခဲ့ပြီး နောက်ဆုံးထွက်ထားတဲ့ “Island” မှာတော့ ပရိသတ်တွေအကြိုက်ဆုံး ဖြစ်ခဲ့ပြီး ရေပန်းစားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/95/95cbba85c7906f875f9a3f5cd248e3a40dc9258e.jpg

ဒါပေမယ့်ဝေဖန်သူတွေကတော့ Cha Eun Woo ဟာရုပ်သာချောပြီး သရုပ်ဆောင်မကောင်းတဲ့သူလို့ပြောနေကြပါတယ်။ ပရိသတ်တွေကတော့ Lee Min Ho အနေနဲ့ comeback ပြန်လာပြီး Cha Eun Woo ကိုပြန်ပြီးကျော်တက်နိုင်မလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။

Photos-credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T